အပိုင်း(၄၆)မင်းသားလေးရှေ့မှာနုနယ်သလိုသရုပ်ဆောင်ပြခြင်း။

979 77 0
                                    

ဂျွမ်းအနည်းငယ်ထိုးကာ အနည်းငယ်ထိုးနှပ်ချက်များနှင့် အဆုံးသတ်ပြီးနောက် ရှုရှီယန် အလျင်အမြန်ပင် ရှောင်လိုက်သည်။ ထို ကိုယ်ထိလက်ရောက်ပြုသည့် လူဆိုးနှစ်ယောက်လုံးသည် အသားပျော့ဖတ်နီးနီး ရိုက်နှက်ခံလိုက်ရသည်။

ထိုနှစ်ယောက် သူတို့၏ပြန်လည်တိုက်ခိုက်မှုအား လုပ်ဆောင်ရန် ကြိုးစားလေသည်။ ယခုအချိန်တွင် ရှုရှီယန်သည် တစ်ယောက်၏ခေါင်းကို တစ်ယောက်နှင့် မျက်နှာချင်းဆိုင်ဖြစ်ရန် ဖမ်းဆုပ်ကိုင်လိုက်သည်။ ထိုသူတို့နှစ်ယောက်အား မျက်နှာချင်းဆိုင် ခေါင်းတိုက်ပစ်ရန် သူမ လုပ်နေသည့်အချိန်တွင် သူမတို့ရှေ့၌ ရုတ်တရက်ကားတစ်စီးရပ်လာသည်။

ရှုရှီယန် သူမ၏ခေါင်းအားမော့ကာကြည့်လိုက်ချိန်တွင် ဟွာယိုရှန်ကားမှန်း သတိထားမိလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းတွင် ဟိုလူနှစ်ယောက်အား ရှင်းရန်တာဝန်ကျသည့် လူထွားကြီးများနှင့်အတူ ရီရှောင် ကားထဲမှ ဆင်းလာသည်။ ဟွာယိုရှန်သည် ဝှီးချဲဖြင့် ထိုသူတို့နောက် ကားပေါ်မှဆင်းလာသည်။ ကားပေါ်မှဆင်းလာသော သူမ၏ စွဲမက်ဖွယ်မင်းသားလေးအားတွေ့လိုက်လိုက်ချင်း သူမ စိတ်တွေလှုပ်ရှားလာသည်။ သူမ၏ ယောင်္ကျားဆန်ကာ ကြံ့ခိုင်သန်မာသော အခြမ်းအား ဟွာယိုရှန်ကို မမြင်စေချင်ပေ။

ဟိုလူဆိုးနှစ်ယောက်အား သူမကြမ်းပြင်ပေါ်တွင် ပစ်ချလိုက်ကာ ထိုင်ငိုနေလေသည်။ ဟွာယိုရှန်ရှေ့တွင် အားနည်းကာ နုနယ်သောပုံပေါက်ရန် ကြိုးစားနေသည်။ ကိုယ်ရံတော်များနှင့်အတူ ရီရှောင်သည် ထိုလူဆိုးနှစ်‌‌ယောက်အား ဖမ်းမိလိုက်သည်။ ဟွာယိုရှန်၊ သူ၏ လျှပ်စစ်ဝှီးချဲအား ရှုရှီယန်ဆီသို့ မောင်းသွားလိုက်သည်။ သူမအား စိတ်ပူစွာဖြင့် ကြည့်နေသည်။

"ရှီယန်၊ ခိုင်းမိသေးလား။ နာနေလို့လား။"

လုပ်ငန်းတစ်ချို့အား အပြီးသတ်ရန် ရီရှောင်အား အရှေ့ဆင်ခြေဖုံးသို့ မောင်းရန်မခိုင်းခဲ့ပါလျှင် "နတ်ဆိုး၏ရင်းမြစ်"ဇာတ်ကား၌ စတန့်သရုပ်ဆောင်အဖြစ် ရှုရှီယန် အလုပ်လုပ်နေမည်ကို ဘယ်လိုမျှ ဟွာယိုရှန် မသိနိုင်ပေ။ ညဉ့်နက်နေသည့်အတွက် သူမအား စိုးရိမ်စိတ်ပူနေကာ အိမ်ပြန်လိုက်ပို့ပေးချင်သည်။ ရှုရှီယန် ဟွာယိုရှန်အား မျက်လုံးထဲမှ မျက်ရည်များအပြည့်နှင့် ကြည့်လိုက်သည်။ ဟွာယိုရှန်ဆီ‌ပြေးကာ သူ၏ခြေထောက်အားဖက်လျက်ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now