unicode
ဟွာကျင်တန် သူ၏အမေဘေးတွင်ရပ်နေသည်။ သူ၏အဖိုးသည် သူ့ထက်ပို၍ပင် ဟွာယိုရှန်အား အမြဲကြိုက်သည်။ မျက်နှာပေါ်တွင် ပြုံးနေသော်လည်း သူ၏ရင်ထဲတွင် ဟွာကျင်တန် ဒေါသနှင့် အော်ဟစ်ဆဲဆိုနေသည်။ ငယ်ငယ်ကလေးဘဝကတည်းကပင် ထိုသို့ အတူတူပင်ဖြစ်သည်။ ဟွာကျင်တန်သည် အဖိုးအား အတော်ဆုံးဖြစ်သည်ကို ပြချင်သည့်အခိန်တိုင်းတွင် ဟွာယိုရှန်သည် အမြဲပို၍ကောင်းကောင်းမွန်မွန်လုပ်ခဲ့သည်။ စာမေးပွဲတွင် ဟွာကျင်တန် ၉၉မှတ်ရသောအခါ ဟွာကျင်တန်သည် ၁၀၀အပြည့်ရသည်။ နောက်ဆုံး ဟွာကျင်တန် အမှတ်၁၀၀ရသောအခါ ဟွာယိုရှန်သည် အတန်းတစ်တမ်းအား ကျော်သွားလေပြီဖြစ်သည်။ ဟွာယိုရှန်သည် အရွယ်နှင့်မလိုက် ထူးချွန်ပြောင်မြောက်သော ဉာဏ်ကြီးရှင်တစ်ယောက်ဟု သူတို့၏အဖိုးမျက်လုံးထဲတွင် အမြဲမြင်ခဲ့ပေသည်။ ဟွာကျင်တန် မည်မျှပင် ပင်ပင်ပန်းပန်းကြိုးစားပါစေ အရာမရောက်ပေ၊ ထို မီးမှောင်းထိုးပြသည့်နေရာအား သူလုံးဝပင်မရောက်နိုင်ခဲ့ပေ။မည်သူမျှပင် ဟွာကျင်တန်၏ခံစားချက်အား နားမလည်ပေ၊ ဟွာယိုရှန်ပင် နားမလည်ပေ။
ဟွာယိုရှန်၏အဖေ ဟွာဇန်နှင့် အမေချန်ယိုလုတို့သည် ဟွာယိုရှန် အိမ်သို့ပြန်လာကာ အဖိုးဖြစ်သူအား ပျော်စေသည့်အတွက် ဝမ်းသာနေကြသည်။ မိဘများစိတ်ထဲတွင် နောင်ထပ်အရာတစ်ခုရှိပေသည်၊ တခြားသောမိသားစုများထဲမှ သမီးမိန်းမပျိုမျာူသည် သူတို့၏အရည်အချင်းများအားထုတ်ဖော်ပြသခွင့်ပေးရန်ပင်ဖြစ်သည်။ ထိုအထဲများမှ တစ်ယောက်ထံတွင် ဟွာယိုရှန် မျက်စိကျသွားနိုင်ပေသည်။ မိဘများနှင့် ဟွာရွှင်အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက်တွင် ဧည်သည်များ တစ်ယောက်ပြီးတစ်ယောက် ဟွာရွှင်အား မွေးနေ့ဂုဏ်ပြုရန် စတင်ထွက်လာကြပေသည်။
မိသားစုများမှ မိန်းမပျိုများ ထွက်လာကာ သူတို့၏အရည်အချင်းများပြကြပေသည်။ တစ်ချို့သူများသည် ပန်းချီးများနှင့် တစ်ချို့သည် အိုးများ လုပ်လာကြသည်။ ထိုသူတိူ့တစ်ယောက်ချင်းစီတိုင်းသညိ သူတို့လုပ်နိုင်သညိ့အရာများအား တတ်နိုင်သမျှအကောင်းဆုံးပြသကြသည်။ ထိုအရာအားလုံးသည် ဟွာကျင်တန်အတွက်ဖြစ်သည်ဟု တွေးနေကာ ဟွာယိုရှန် တိတ်တဆိတ်ပင်ထိုင်နေသည်။ ရှုရှီယန်သည် ဟွာယိုရှန်နှင့်အတူ ကြည့်နေသည်။
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...