အပိုင်း (၆၈) ဇာတ်ကြောင်းအတုဘယ်လိုလုပ်ရမယ်ဆိုတာ သူ လုံးဝသိတာဘဲ။

694 49 0
                                    

မိတ်ကပ်ဆရာ လင်ဒါရောက်လာသည့်အချိန်တွင် သရုပ်ဆောင်မင်းသား၊ မင်းသမီးများအား ကျရာ ဇာတ်ကောင်တစ်ခုစီအတွက် ကူညီပြင်ဆင်လိမ်းချယ်ပေးနေသည်။ ရှုရှီယန်၏ ဇာတ်ကောင်သည် အသေးစားဖြစ်သောကြောင့် လင်ဒါ သူမအားမိတ်ကပ်လိမ်းပေးရန် အပြီးထိ သူမစောင့်နေရပေမည်။ ကိုယ်ပိုင်မိတ်ကပ်ဆရာနှင့် သီးသန့်အခန်းရ‌သော အဓိက ဇာတ်ကောင်များနှင့်မတူစွာ အပြင်တွင် အေးစက်နေသောထိုင်ခုံပေါ်တွင်ထိုင်လျက် သူမစောင့်နေရမည်ပင်။

ရှုရှင်းရိုအား လင်ဒါမိတ်ကပ်လိမ်းပြီးနောက်တွင် သူမသည် ပို၍ညို့အားကောင်းသော လူတစ်ယောက်ကဲ့သို့ပင်။ ရှည်လျားလှပကာ တက်မက်ဖွယ်ကောင်းလှသည့် ဝတ်စုံအားဝတ်သောရှေးမှ ကိုယ်လုပ်တော်များကဲ့သို့ပင် ပုံပေါက်နေသည်။ ရှုရှီယန်ခေါင်းညိတ်ကာ လင်ဒါ၏မိတ်ကပ်ပညာအား အသိအမှတ်ပြုလိုက်သည်။ သူမ၏ကိုယ်ပိုင်လက်ရာသည် ပိုကောင်းသည်ဟု ရှုရှီယန်ထင်သော်လည်း လင်ဒါကဲ့သို့သော အရည်အချင်းအားရောက်ခြင်းသည်လည်း လွယ်ကူသောစွမ်းဆောင်မှုတစ်ခုမဟုတ်ပေ။

ရှုရှင်းရို မိတ်ကပ်လိမ်းပြီးနောက် သူမ၏ဝတ်ရုံအရှည်ကြီးအားမကာ အပြင်ထွက်လာသည်။ ထို့နောက် တခြားသောဇာတ်ကောင်အသေးများအတွက် လင်ဒါစတင်လိမ်းခြယ်လေသည်။ ကံကောင်းစွာပင် စာရင်းတွင် ရှုရှီယန် ပထမဖြစ်နေသည်။ လင်ဒါသည် သူမအား မှန်ရှေ့တွင်ထိုင်ခိုင်းကာ သူမ၏မျင်နှာပေါ်တွင် စတင်မိတ်ကပ်လိမ်းလိုက်သည်။ နာရီဝက်ကြာပြီးနောက် ပြီးလေသည်။ ထို့နောက်တွင် စတိုင်လစ်၏လက်ထောက်အား ခေါ်လိုက်သည်။ သူမနာမည်သည် တင်နာဖြစ်ကာ ရှုရှီယန်အား ဝတ်စုံဝတ်ရာတွင်ကူညီပေးသည်။

ရှုရှီယန် အဝတ်လဲခန်းမှထွက်လာပြီးနောက်  မှန်ရှေ့တွင်ရပ်နေသည်။ သူမ၏ ဝတ်စုံနှင့်ပက်သက်၍ မကောင်းသောအငွေ့အသက်ရနေပေသည်။

ငါက ဒုတိယမင်းသမီးရဲ့ အစေခံအနေနဲ့သရုပိဆောင်ရမှာကို....အဲ့တာကို ဘာလို့ ကိုယ်လုပ်တော်တစ်‌ယောက်ရဲ့ အဝတ်တွေဝတ်ထားရတာလဲ။

လင်ဒါအား သူမ၏အဝတ်နှင့်ပက်သက်၍ ရှုရှီယန်မေးမည်ပြုနေချိန် ရှုရှင်းရိုသည် သူမ၏ဓာတ်ပုံရိုက်ခြင်းအား ပြီးသွားကာ ရှုရှင်းရိုသည် စီမံခန့်ခွဲရေးဒါရိုက်တာ၊ အခြားသောကြီးကြပ်သူများနှင့်အတူ ရှုရှီယန်နားသို့ ချဉ်းကပ်လာသည်။ ရှုရှီယန်၏အဝတ်များကို ရှုရှင်းရိုကြည့်လိုက်ကာ ဒါရိုက်တာယန်ရုံအားမေးလိုက်သည်။

"ဒါရိုက်တာယန်၊ ဒီဟာက ဘာသဘောလဲ။  ကျွန်မအတွက်ဖြစ်ရမယ့်အဝတ်တွေကို သူက ဘာကိစ္စဝတ်ထားရတာလဲ။"

ရှုရှင်းရို၏မကျေမနပ်ပြောသံအား ရှုရှီယန်ကြားသည့်အခါ အရာရာအားလုံးရှင်းလင်းသွားပေသည်။ တစ်ယောက်တစ်ယောက် ပရိယာယ်တစ်ခုခု ကစားနေပေပြီ။

ရှုရှီယန်သည် ရှုရှင်းရိုနှင့်အတူ ဤမိတ်ကပ်လိမ်းခန်း၌ တောက်လျှောက်အတူရှိနေသည်။ သို့သော် မိတ်ကပ်ဆရာအား သူမ လာဘ်ထိုပိုက်ဆံပေးလိုက်သည် သတိမထားမိလိုက်ပေ။

ရှုရှီယန် ရှင်းပြရန်ကြိုးစားလိုက်သည်။

"ဒါရိုက်တာယန်၊ စီနီယာရှု၊ ဒီအဝတ်တွေက မိတ်ကပ်ဆရာနဲ့ စတိုင်လစ်က ကျွန်မအတွက်ရွေးပေးတာပါ။ ဒီအဝတ်တွေကို ဒုတိယမင်းသမီးက ဝတ်မယ်ဆိုတာ ကျွန်မ မသိပါဘူး။"

ဒါရိုက်တာယန် သူမအား စမေးခွန်းမေးလိုက်သည်။

"သေချာလို့လား။ အဲ့တော့ ဒီအမှားအတွက် မင်းက မိတ်ကပ်ဆရာနဲ့ စတိုင်လစ်ကို အပြစ်တင်နေတာလား။ "

"မင်းသာ သူတို့ကို အတင်းအကျပ်မလုပ်ဘဲနဲ့တော့ သူတို့က ဒီအဝတ်တွေကို ပေးမှာမဟုတ်ဘူး။ မင်း...မင်း ငါ့ကို ကြည့်ရဆိုးအောင် လုပ်ဖို့ကြိုးစားနေတာလား။" ရှုရှင်းရိုပြောလိုက်သည်။

ရှုရှီယန် ရှုရှင်းရို၏ မဟုတ်ကဇာတ်ကြောင်းတစ်ခုဖန်တီးနိုင်မှုအား အထင်ကြီးနေသည်။

"ကျွန်မပြောချင်တာ အဲ့လိုမဟုတ်ပါဘူး။"

ရှုရှီယန်ပြောလိုက်သည်။

"ဘာလို့ ကျွန်မ တစ်ယောက်ယောက်ကို ကြည့်ရဆိုးအောင်လုပ်ရမှာလဲ။ အမကို ကျွန်မပထမဆုံးတွေ့ဖူးတာပါ။ အတိတ်မှာလည်း ကျွန်မတို့ ရန်ဖြစ်ခဲ့တာမျိုးမှ မရှိခဲ့ဖူးတာလေ....."

ရှုရှင်းရို ရှုရှီယန်အား စိုက်ကြည့်ပြီးနောက် ဒါရိုက်တာယန်ဘက်သို့ လှည့်လိုက်သည်။

"ဒါရိုက်တာယန် ကျွန်မအစား ဒီကောင်မလေးအသစ်ကို သုံးဖို့လုပ်ထားရင် ကျွန်မအခုဘဲ သွားတော့မယ်။"

ဒါရိုက်တာယန်သည် အမှန်တကယ်ပင် ရှုရှီယန်၏အလှကြောင့် အသက်ရှုမှားကာ သတိမေ့နေသည်။ သို့သော် အမြန်ပင် ပြန်ပြင်ဆင်လိုက်သည်။

"ဘာလို့ ငါက လုပ်ရမှာလဲ။ ဒါရိုက်တာဟွာ ကိုယ်တိုက်ကိုက နင့်ကို ဒုတိယနေရာမှာ သရုပ်ဆောင်စေချင်တာလေ။ ငါတို့ရှေ့ ကောင်မလေးကဘယ်သူမှန်းတောင် မသိဘူး။ မိတ်ကပ်ဆရာကို ဒီခေါ်ပြီး မေးကြည့်ရအောင်။  ဘယ်သူသိမလဲ။ ဒီအတိုင်း မှားသွားတာဖြစ်နိုင်တာဘဲ။"

ထို့ကြောင့် လင်ဒါနှင့်တီနာအား အမြန်ခေါ်လိုက်ကာ ဤကိစ္စအကြောင်းမေးလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now