အပိုင်း (၉၈) သူရဲ့ သဘောထား ပြောင်းသွားတာလား။

740 50 1
                                    

unicode

"အသစ်တစ်ခုဝယ်ဖို့ တစ်ယောက်ကိုခေါ်လိုက်။"

ရှုဂျင်ရှန်ပြောလိုက်သည်။

"အိုး၊ ယန်ယန်ရဲ့အခန်းက အသင့်ဖြစ်ပြီလား။"

"အဆင်သင့်ဘဲပေါ့။ ဒီမှာ သူ နေချင်သလောက်နေလို့ရပါတယ်။" ဆူရူအီ အပြုံးဖြင့်ပြောလိုက်သည်။

ဆူရူအီ‌အား ထပ်ပြီး ရှုရှီယန် မခံနိုင်တော့ကာ ပြောလိုက်သည်။

"ကျွန်မ ဒါ မေးတော့မလို့၊ ကျွန်မအဖိုးနဲ့ပက်သက်တဲ့ အကြောင်းကို ဘယ်လိုဖြေရှင်းမယ် လုပ်ထားလဲ။"

ရှုဂျင်ရှန် သူမ၏မေးခွန်းကြောင့် အံ့အားသင့်သွားသည်။

"ဘာ။"

ရှုဂျင်ရှန်၏ပုံစံသည် လုံးဝမသိ၍ ‌ဇဝေဇဝါဖြစ်နေသာပုံပင်။ သူ၏မိသားစုသည် သူ၏အဖေအပေါ်၌ မည်သို့မည်ပုံဆက်ဆံကြောင်းမသိပေ။ ရှုဂျင်ရှန်အား ရှုရှီယန် အကုန်ပြောကာ သူ့အား ဆုံးဖြတ်ရန်ပြောလိုက်သည်။

ရှုဂျင်ရှန် သူ၏နားပင် သူမယုံနိုင်ပေ။

"ငါ အိမ်မှာမရှိတဲ့အချိန် ငါ့အဖေကို မင်း ဒီလို တကယ် ဆက်ဆံနေတာလား။" ဆုရူအီအားမေးလိုက်သည်။

ဆူရူအီ ခွင့်လွှတ်ရန်အမြန်တောင်းပန်ကာ သူမ၏အကြောင်းပြချက်အား ပြောပြသည်။ ထို့နောက် ရှုဂျင်ရှန်သည် သူမအား အရင်အတိုင်းပင် ယုံလိုက်ပေသည်။

"ယန်ယန်၊ ဆူရူအီကို အပြစ်မတင်နဲ့။ သူမ လုပ်နိုင်တဲ့အရာမရှိ့ဘူး။ မင်းအဖိုးရဲ့အခြေအနေကိုလည်း သိနေတာဘဲ၊ ဒါက သူကောင်းဖို့အတွက်။"

"အဲ့တာဆိုလည်း အဖိုးကို ဘိုးဘွားရိပ်သာ ဘာလို့ မပို့နိုင်ရတာလဲ။ အဲ့လောက်ကြီး ဈေးများနေတာလည်း မဟုတ်ဘူး။"

ရှုဂျင်ရှန်၊ သူ့အကြောင်းနှင့်သူရှိသည်။ သူ၏အဖေသာ ဘိုးဘွားရိပ်သာသို့ပို့လိုက်လျှင် ရှုရှီယန်အပေါ် ထိန်းချုပ်နိုင်မည့် အရှိန် ဆုံရှုံးသွားပေလိမ့်မည်။

"မင်းအဖိုးကို ချစ်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် သူ့အခြေအနေနဲ့ဆို ဘိုးဘွားရိပ်သာကတောင် မရလောက်ဘူး။" ရှုဂျင်ရှန်ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now