အပိုင်း (၆၂) ကလေးတစ်ယောက် လုပ်လိုက်ကြရအောင်။

984 74 0
                                    


"ငါ တစ်ယောက်တည်းပဲထင်နေတာလား။ ဒါမှမဟုတ် အဲ့ပုံထဲက ကောင်မလေးကဘဲ နင်နဲ့တူနေတာလား။ တမြန်မနေ့က နင်ဝတ်ထားတဲ့ ရှပ်အင်္ကျီမဟုတ်ဘူးလား။"

ဖန်ရှောင်ချန်မေးလိုက်သည်။

"နင် တကယ်ပြောနေတာလား။ ငါနဲ့ မတူပါဘူး။ တီရှပ်ကသာ တူနေတာပါ....ပြီးတော့ အဲ့တီရှပ်က ငါလွှင့်ပစ်ပြီးသားကြီးထင်တာဘဲ။ တစ်နေရာရာရောက်နေလောက်မှာပေါ့။"

ဖန်ရှောင်ချန် ရှုရှီယန်အားယုံလိုက်သည်။ တီရှပ်ဆင်တူတစ်ခုပင် ဖြစ်လောက်ပါပေသည်။ ထို့အပြင် ရှုရှီယန်သည် ဟွာယိုရှန်နှင့် မည်သည့်အကြောင်းနှင့်မျှ ပက်သက်မည့်သူမဟုတ်ပေ။
ဟွာယိုရှန်သည် ချုယုဟီ၊ ရှုရှင်းရိုတို့နှင့် တစ်ဖွဲ့တည်းပင်။ ထို့ကြောင့် ရှုရှီယန် ထိုလူအား လုံးဝပင် မုန်းနေပေမည်။

.......

နောက်တစ်နေ့တွင် ယင်ဘာအို၏ ဆေးရုံဆင်းမှုလုပ်ငန်းစဉ်များ သွားလုပ်နေစဉ် ဖန်ရှောင်ချန်နှင့် ဝမ်ဒါချီသည် ယင်ဘာအိုအနားနေပေးနေသည်။ လုပ်ငန်းအားလုံးပြီးဆုံးသွားပြီးနောက် လူကြီးသုံးယောက်စလုံးသည် ယင်ဘာအိုကို ဆေးရုံမှ ခေါ်ဆောင်လာသည်။ ဖန်ရှောင်ချန် ထွက်သွားခါနီးတွင် ယင်ဘာအိုအား ဖက်ကာပြောလိုက်သည်။

"ချယ်ရီသီးလေ။ ဖိုးဖိုးအိမ်မှာ ပျော်ပျော်နေခဲ့နော်။အိမ်ပြန်ရောက်လာရင် အန်တီတို့တူတူ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ကြတာပေါ့။"

ဖန်ရှောင်ချန်၏လည်ပင်းအား သူမ၏လက်ဖြင့် ချိတ်တွယ်ဖက်လိုက်ကာ ဖန်ရှောင်ချန်၏မျက်နှာအား အနမ်းပေးလိုက်သည်။

"ဟုတ်ကဲ့။ အန်တီလိမ္မော်သီး။ အန်တီလည်း ဂရုစိုက်အုန်းနော်။ ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားနော်။"

ယက်ဘာအို၏ ချစ်စရာကောင်းမှုကြောင့် ဖန်ရှောင်ချန် အရည်ပျော်လေပြီ။ ချစ်စရာကောင်းရုံပင်မက သူများအား ဂရုတစိုက်ရှိသော ကလေးလေးပင်။ ယင်ဘာအိုတို့သားအမိ တက္ကစီနှင့် ထွက်သည့်တိုင်အောင် ဖန်ရှောင်ချန် ထိုမြင်ကွင်းအား စိုက်ကြည့်နေသည်။ သူမအား ဝမ်ဒါချီ ရင်ခွင်ထဲသို့ ဆွခေါ်လိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now