အပိုင်း (၁၂၆) ငါ့ကို သစ္စာမဖောက်နဲ့။

371 33 0
                                    

unicode

အာတီးမစ်ကို ထိရရန် သူမ၏အခွင့်အရေးအား ရှုရှီယန် မဆုံးရှုံးချင်ပေ။ တစ်စုံတစ်ခုအားသူမ တွေးလိုက်မိကာ ရုတ်တရက် ဟွာရွှင်ဆီသို့လျှောက်သွားလိုက်ကာ ပြောလိုက်သည်။

"မစ္စတာဟွာ၊ မစ္စရွှင်ရဲ့ တင်ဆက်မှုက အံ့ဩလောက်စရာပါဘဲ။ သံစဉ်က အခုထိ ကျွန်တော့်ရဲ့ခေါင်းထဲမှာ မြည်နေတုန်းဘဲ။"

ငွေရောင်ဆံပင်နှင့်လူသည် သူမအား ချီးကျူးနေသည်ကို ရွှင်ရာတင်ကြားလိုက်၍ သူမ၏နှလုံးခုန်မြန်လာကာ စိတမလှုပ်ရှားလာသည်။ ပေကျင်းတစ်ခုလုံးတွင် အကောင်းဆုံးဟု သူမအား သတ်မှတ်ထားသောကြောင့် တယောစွမ်းရည်တွင် သူမ၏အစွမ်းအား သူမ ယုံကြည်မှုရှိပေသည်။

"မစ္စတာဟွာ" ရှုရှီယန် ဆက်ပြောလိုက်သည်။

"ယိုရှန်ကလည်း အဖိုးရဲ့ ဒီနေ့မွေးနေ့ပွဲကို ကျင်းပဖို့အတွက် သီချင်ူတစ်ပုဒ် ပြင်ဆင်လာခဲ့တယ်။"

"...."

ရှုရှီယန်၊ ဘာတွေ အစီစဉ်ဆွဲနေတာလဲ။

ငါ့ကို သစ္စာဖောက်မလို့လုပ်နေတာလား။

အဖိုးရဲ့ရှေ့မှာ ဘယ်တော့မှ တယောမတီးတော့ပါဘူးဆိုပြီး ငါ့ရဲ့အစ်ကိုကို ကတိပေးထားပြီးသား။

ဟွာရွှင် ထိုအကြောင်းအား ကြားလိုက်သည့်အပေါ် အံ့အားသင့်ကာ မေးလိုက်သည်။

"အိုး၊ အဲ့လိုလား။ ယ်ိုရှန်၊ မြေးစန္ဒယားတီးတာကို နောက်ဆုံးကြားခဲ့တဲ့အချိန်ကတည်းကဆို တော်တော်ကြာလှပြီဘဲ။"

မြေးဖြစ်သူသည် ငယ်ငယ်ကတည်းကပင် ဂီတနတ်ဘုရား၏ ကောင်းချီးကိုခံခဲ့ရသောကြောင့် သူ၏စိတ်လှုပ်ရှားမှုအား ဟွာရွှင် မဖုန်းပွယ်နိုင်ပေ။ သို့သော် ဟွာယိုရှန် မည်သည့်အတွက်ကြောင့် ဂီတအား အနောက်တွင်ချန်ထားခဲ့ခြင်းကို ဟွာရွှင် လုံးဝနားမလည်ခဲ့ပေ။

ဟွာယိုရှန် စ်ိုးရိမ်တကြီး ဟွာကျင်တန်အား လှမ်းကြည့်လိုက်ကာ ရှုရှီယန်အား တိုးတိုးကပ်ပြောလိုက်သည်။

"ကျင်ရှီ၊ ဘာလုပ်မလို့လဲ။"

ရှုရှီယန် ပြုံးလျက် သူ၏ပုခုံးအားပုတ်ကာ ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now