အပိုင်း(၄၄)ရက်စက်ပြီး ပြင်းထန်သော စစ်ပွဲတစ်ခု။

931 68 1
                                    

တယောအား လူအများဈေးဆက်ခေါ်နေသည့်အချိန် ရှုရှီယန်၊ မိမိကိုယ်ကို တုံးအ‌နေကြောင်းခံစားရကာ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သူမ အသက်ရှူဖို့ပင်အင်အားရှိကာ လုံးဝ ခြေကုန်လက်ပန်းကျနေသည်။

နောက်ဆုံးတွင် သုံးဘီလီယံနှင့် ဈေးခေါ်ကာနိုင်သွားသောသူသည် တစ်ခြားသူမဟုတ် ရွှင်ကျောင်းရွန်ပေ။ သူ၏သမီးဖြစ် ရွှင်ရာတင်အား လက်ဆောင်ပေးရန်ဖြစ်သည်။ တယောသည် ယခု ပီတိဖြစ်ဝမ်းသာကာ ဖခင်ဖြစ်သူ၏ပါးအားနမ်းနေသော ရွင်ရာတင်၏ အပိုင်ဖြစ်သွားလေပြီ။

ရှုရှီယန်လုပ်နိုင်သည်မှာ ရွှင်သားအဖအား ငေးကြည့်ရုံမျှပင် တတ်နိုင်ပေသည်။ တယာတစ်လက်အတွက် သုံးဘီလီယံမျှပင် သူတို့ပေးခဲ့ကြလေသည်။ ထို့ပြင် ထိုတယောအား သူမဆီလက်ကမ်းပေးရန် လုပ်နိုင်သည့်အရာ မည်မျှပင်မရှိပေ။ လေလံပွဲပြီးသွားသည့်နောက်တွင် ရှုရှီယန် လေလံပွဲအဆောက်အအုံမှ လေးလံသောနှလုံးသားနှစ်စုံနှင့် ထွက်လာခဲ့လေသည်။ ထိုအချိန်၌ အသက်ရှုရန်ပင် သူမအတွက်ခက်ခဲလှပေသည်။ သူမ၏မျက်ရည်များအား သုတ်ပစ်ရန်ကြိုးစားပါသေည်လည်း မျက်ရည်များသည် အတားအဆီးမရှိစီးကျနေလေသည်။

သမီး တောင်းပန်ပါတယ် မေမေ... မေမေ့ရဲ့အကြိုက်ဆုံး တယောလေးကို သူမဆုံးရှုံးသွားပြီ....သမီး တကယ်တောင်းပန်ပါတယ်..

သုံးဘီလီယမ်ဆိုသော ပိုက်ဆံအားရှာနိုင်ရန် သူမအတွက် ဘယ်လောက်ကြာမည်မှန်း မသိနိုင်ပေ။

သူမ၏မျက်ရည်များအား သုတ်ကာ ဘုရားအား အလုပ်များကို သူမလုပ်နိုင်သမျှ ကြိုးကြိုးစားစားလုပ်ကာ ပိုက်ဆံရှာမည့်အကြောင်း တိုင်တည်လိုက်သည်။ ရုတ်တရက် သူမ ဖုန်းမြည်လာလေသည်။ ရိုက်ကွင်းမန်နေဂျာ ရှင်းမှ စတန့်ရိုက်ရန် ရိုက်ကွင်းအနည်းငယ်အတွက် သူမအား သုံးချင်ကာ ညနေနောက်ပိုင်း အားနိုင်မည့်အကြောင်း ဖုန်းဆက်လှမ်းမေးခြင်းဖြစ်သည်။

"ဟုတ်ကဲ့။ ကျွန်မပြီးရင် ဘာမှလုပ်စရာမရှိပါဘူး။မစ္စတာရှင်း။ အဲ့ကို ကျွန်မလာခဲ့ပါမယ်။"

ထုတ်လုပ်ရေးအဖွဲ့သည် ရှုရှီယန်အား နောက်တစ်ကြိမ် ထပ်သရုပ်ဆောင်စေချင်ကတည်းကပင် သူမ၏ စတန့်သရုပ်ဆောင်မှုနှင့်ပက်သက်ကာ ကျေနပ်သည့်အကြောင်း သက်သေပေ။ သူမ ချက်ခြင်းပင် အလုပ်အားလက်ခံလိုက်သည်။ ထို့နောက် ပေကျင်းအရှေ့ပိုင်းရှိ ဆင်ခြေဖုံးနေရာသို့ အလျင်အမြန်သွားလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now