အပိုင်း(၁၄) ရင်းနှီးနေတဲ့မျက်နှာတစ်ခု။

1.4K 113 0
                                    

unicode

ဟွာယိုရှန်သည် အမြဲတစေ တစ်ဦးတည်း သီးသန့်နေတတ်သူပင် ။ တခြားသော မိန်းကလေးများနှင့် ဆက်ဆံပြောဆို ပြုမူခြင်းမှာ အလွန်ပင်ရှားလှသည် ။ ရှုရှီယန်သည်သာ ထိုသို့အထီးကျန်ဆန်သော ဘဝထဲသို့ ချဥ်းနင်းဝင်ရောက်လာသော ပထမဆုံးမိန်းကလေးပင် ။ ထို့ကြောင့် သူမသည် သူ့အတွက် အမှန်တကယ် အရေးပါသော သူ‌ဖြစ်ပေသည် ။

လွန်ခဲ့သော ငါးနှစ် ထိုညကတည်းကပင် သူမအား နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးခဲ့ခြင်းဖြစ်သည် ။ သူမဆီသို့ သွားရန်အဆင်သင့်ဖြစ်နေသောအချိန်တွင် နိုင်ငံခြားထွက်သွားသောသတင်း ကြားလိုက်ရခြင်းပေ ။ ထိုလေဆိပ်သို့သွားသောလမ်းတွင် ကားမတော်တဆဖြစ်ကာ ကျောရိုးထိခိုက်သွားခဲ့လေသည် ။

ထိုထိခိုက်မှုသည် သူ့အား ယခုကဲ့သို့ ဝှီးချဲပေါ်တွင်ထိုင်စေကာ မသန်မစွမ်းဖြစ်စေခဲ့သည် ။ ဝှီးချဲသည်ကပင် သူ၏ မှီခိုရာတစ်ခု ဖြစ်လာခဲ့သည် ။ သူ၏ အခက်ခဲဆုံး ကြောက်စရာအကောင်းဆုံး အချိန်တွင် ရှုရှီယန်ပေါ် ထားရှိသော တစ်ဖက်သတ်အချစ်ကြောင့်ပင် သူ ရှင်သန်နိုင်ခြင်းဖြစ်သည် ။

နှစ်ပေါင်းများစွာကြာသည့်တိုင် ရှုရှီယန်အား မမေ့နိုင်သေးပေ ။ အချိန်သည်ကား ငါးနှစ်မျှပင်ရှိခဲ့ပေသည် ။ နောက်ဆုံးတွင်မူ တောင့်တစောင့်ဆိုင်းနေခဲ့ရသော သတင်းအစအန ရခဲ့သော်လည်း ထိုသတင်းသည် အတုအယောင်ဖြစ်သွားသည် ။ ထိုအချိန်တွင် လုံးဝနာကျင်ခံစားရမည်မှာ အမှန်ပင် ။

“ထားလိုက်တော့။”

ဟွာယိုရှန်၏ မဲနက်သောမျက်လုံးများ၌ သတိမမူနိုင်သည့် စိတ်ပျက်မှု အရိပ်အယောင်များ တစ်ခနတာ ဖြတ်ပြေးသွားသည် ။ သူ၏လက်ထဲမှ ရီမုဒ်‌ခလုတ်အားနှိပ်လိုက်ကာ VIPအခန်းထဲသို့ ဝှီးချဲဖြင့် ဝင်သွား‌လေသည် ။ ထိုအချိန်တွင် ဟွာယိုရှန် မည်မျှပင်‌ နောင်တရနေသည်ကို မည်သူမျှမသိပေ ။

အရင်အချိန်များတွင် ပိုပြီးအလေးထားလုပ်ဆောင်ခဲ့သင့်တာပေ ။ သူမဆီသို့ စောစီးစွာ သွားခဲ့သင့်သည် ။ ထို့နေ့ ၊ ထိုအချိန်တွင် မတော်တဆမှုသာ မဖြစ်ခဲ့ပါလျှင် သူမအား သူ၏အရိပ်အာဝါသ၌ လုံခြုံစွာထားနိုင်ပေမည် ။ ထိုကဲ့သို့ဆ်ိုလျှင် သူ၏ဘဝထဲမှ ထပ်ထွက်သွားနိုင်ခြင်းမရှိကာ သတင်းများလည်း ထပ်ထွက်နိုင်စရာ အကြောင်းမရှိပေ ။ သူသည်လည်း ဤအချစ်ကြောင့် စောင့်ဆိုင်းလျက်နာကျင်နေစရာမလိုပေ ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now