အပိုင်း (၂၁) သူ့ရဲ့ စည်းတားထားတဲ့ ပိုင်နက်ကြီး။

1.3K 111 1
                                    

ရှုရှီယန် ရေချိုးခန်းထဲသို့ရောက်သောအခါ သူမအတွက်ပြင်ဆင်ပေးထားသော တစ်ကိုယ်ရေသုံးပစ္စည်းအသစ်များအား အထပ်ထပ်တွေ့ရသည့်အခါ အလွန်အံ့ဩသွားသည်။

'ဝါး....၊ ဒီလိုပစ္စည်းတွေကို တကယ့် 5စတားဟိုတယ်ကြီးတွေမှပဲ တွေ့ရတာ။
ဘယ်လိုတောင် အတွေး‌အခေါ်ရှိတဲ့လူလဲ။
အိုး...၊ ဒီလူ တကယ့်ကို...။
ငါ့ရင်ထဲတောင် နွေးထွေးသွားသလိုပဲ။'

ဤလိုလူမျိုးသည် ရှုရှင်းရိုနှင့် ချုယုဟီအား သူ၏အရိပ်အာဝါသအောက်တွင် ထောက်ပံ့ထားခြင်းမှာ အဖြစ်ဆိုးခြင်းပေ။ ရှုရှီယန် ရုတ်တရက် ချစ်သူရည်းစားတစ်ယောက်၏ ဂရုစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဗွီပုံစံကော်လံအနားစောင်းပါသော အပြာရောင်ရှပ်အင်္ကျီနှင့် သာမန်ဂျင်းဘောင်းဘီတစ်စုံတို့ကို ထည့်ထားသောအိတ်တစ်အိတ်အား ရေချိုးခန်း၏ကောင်တာပေါ်တွင်တွေ့လိုက်သည်။ အကျဥ်းချုံးကြည့်လိုက်လျှင် သာမန်အဝတ်စားများဟုထင်နိုင်သည်။ ဈေးတံဆိပ်များအားဖြုတ်ထားသည့်အတွက် မည်မျှတန်ကြောင်း သူမ မသိနိုင်ပေ။

သို့သော် ရှုရှီယန်သည် အဆင်အတန်းမြင့်သောဖက်ရှင်များအား ကြည့်တတ်မြင်တတ်ပေသည်။ အဝတ်အစားများ၏ဘေးချုပ်ရိုးများထဲတွင် ရေးထိုးထားသော "Lord"တံဆိပ်ကို သူမသတိထားမိလိုက်သည်။ ထိုတံဆိပ်သည် အီတလီအဆင့်မြင့် အမျိုးအစားပေ။ သူတို့၏ ဆောင်ပုဒ်သည် 'အာဏာမရှိတဲ့ဘုရင်တစ်ပါး၊ သူလုပ်ချင်တာလုပ်လို့ရတယ်' ဟူ၍ပင်။

ပုံစံအားဖြင့်ကြည့်လျှင် ရိုးရှင်းသောသော်လည်း ထိုရှပ်တစ်ထည်သည် ငါးဂဏန်းထက်မနည်း ကုန်ကျမည့်အကြောင်းအား သူမ သေသေချာချာသိသည်။

ရှုရှီယန်သည် သူမကိုယ်တိုင် 'Lord'၏ဒီဇိုင်းများ၊ စတိုင်များကိုကြိုက်သည်။ ထိုအဝတ်များအား ဝတ်ကြည့်လိုက်သည့်အခါတွင် သူမ၏ကိုယ်တိုင်းများအားယူ၍ ဒီဇိုင်းနာတစ်ယောက်ချုပ်ထားသကဲ့သို့ အကုန်အဆင်ပြေကာ ဝတ်ရာတွင်လည်း သက်သောင့်သက်သာရှိလှသည်။

ထိုအချိန်တွင် ရှုရှီယန် တစ်ခုခုအား အမှတ်ရလိုက်သည်။ အယ်ဗစ် ဝတ်ထားသည့် သာမန်မဟုတ်သော တီရှပ်နှင့် ခါးပတ်သည် အလွန်ပင် လက်ရာသေသပ်၍ အမြင်တင့်တယ်သည်။ ထိုနှစ်ခုစလုံးသည်  Lordတံဆိပ်ဖြစ်သည်ကြောင့် အံ့ဩစရာမဟုတ်ပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now