အပိုင်း (၇၂) ကံကောင်းစွာပင် သူလာသည်။

647 48 0
                                    


အမှန် မာဟာဒုန်၏ပုံစံသည် သူ့အားဝန်းရံထားသည့်မာနနှင့် ငွေဇွန်းကိုက်မွှေးလာသော ကလေးတစ်ယောက်၏မာန ရှိသောလူတစ်ယောက်ပင်။ သရုပ်ဆောင်ဖြစ်လာခြင်းသည် ဝါသနာတစ်ခုအားတိုးချဲခြင်းသက်သက်ပင်။ သို့သော် ထိုသရုပ်ဆောင်အလုပ်တွင် သူ၏ မာနတရားအား အဝင်မခံပေ။ အလုပ်ကြိုးကြိုးစားစားလုပ်ခြင်းနှင့် တခြားသူများအပေါ်ကောင်းခြင်းအတွက် ဂုဏ်သတင်းရှိပေသည်။ ယခုတွင် ထိုသူဌေးသားမာနခဲလေးသည် ရှုရှီယန်အား သူ၏ကားဖြင့်လိုက်ပို့ပေးနေသည်။ သူမသည် သူ၏အပေါ်တွင် မည်သည့်အကြွေးမျှအတင်မခံချင်ပေ။

"ရပါတယ်။ ကျွန်မဘာသာပြန်လို့ရတယ်။ ကျေးဇူးပါ။"

"လာပါ။ ငါတို့ သူငယ်ချင်းတွေမဟုတ်ဘူးလား။"

"မ..မဟုတ်ပါဘူး။ ငါတို့က သူငယ်ချင်းတွေပါ။ ငါက ဒီအတိုင်း..."

ရှုရှီယန် အကြောင်းပြချက်ကောင်းကောင်းပေးရန် စဉ်းစားနေချိန် သူမ၏ဖုန်းမြည်လာသည်။ ဟွာယိုရှန်ဖြစ်သည်။

"တစ်မိနစ်လောက်၊ ငါ ဒီဖုန်းကို ကိုင်ရမှာမို့။"

"ရတယ်လေ"

မာဟာဒုန် စိတ်ရှည်ရန်အတွက် ကိစ္စမရှိပေ။

ဟွာယိုရှန် ရှုရှီယန်အား လှည့်ကြည့်ခိုင်းလိုက်သည်။ သူပြောသည့်အတိုင်း ရှုရှီယန်လုပ်လိုက်သည့်အခါ အဝေးတွင်ရပ်စောင့်နေသော သူ၏ဇိမ်ခံဗမ်ကားအားတွေ့လိုက်သည်။

အိုး..။ အချိန်ကွက်တိဘဲ။

ရှုရှီယန်ဖုန်းချလိုက်၍ မာဟာဒုန်ဘက်သို့ လှည့်ကာပြောလိုက်သည်။

"ဆောတီးပါ။ ကျွန်မကောင်လေးက အခု ကျွန်မကို လာကြိုနေလို့။ တာ့တာနော်။"

သူမ၏အိတ်အားယူကာ ဗမ်းကားဆီသို့ အမြန်လမ်းလျှောက်သွားလိုက်သည်။ ဇိမ်ခံကားပေါ်သို့ ရှုရှီယန်တတ်ကာ ကားထွက်သွားသည်အထိ မာဟာဒုန်လိုက်ကြည့်နေသည်။

သူ၏မေးစေ့အား ချစ်ကုတ်ကာစဉ်းစားနေသည်။

ခနနေပါအုန်း၊ သူမမှာ ကောင်လေးရှိတာလား။

အဲ့ဒီဗမျကားက။

မာဟာဒုန်၊ သူ၏ပြိုင်ကားအားကြည့်လိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now