အပိုင်း (၁၂၈) အေးခဲနေတဲ့ ပန်းပွင့်လေး စပြီး အရည်ပျော်လာပြီ။

323 26 0
                                    

unicode

"ဒီနေ့ အစ်ကိုကြီးအတွက် ကြင်ဖက်တစ်ယောက်ကို အမတို့ကူရှာပေးနေတယ်ထင်တာ။" ဟွာယိုရှန် ပြောလိုက်သည်။

"ဘာလို့ ကျွန်တော်ကို လာမေးတာလဲ။"

ဤညအတွက် သူသာ အဓိကဇာတ်ကောင်ဖြစ်လျှင် ထိုမိန်းကလေးသည် ရှုရှီယန်ဟုသာ သူဖြေကောင်းဖေလိမ့်မည်။ သို့သော် သူ၏ရတနာအား တခြား ယောင်္ကျားတစ်ယောက်ထံသို့ ပေးရသည်အထိ သူမတုံး မအပေ။

"သူက အခုထိ စဉ်းစားနေတုန်းဘဲ၊ ဒါကြောင့်မို့ ငါတို့ သူ့ကို ကူရွေးပေးမလို့လေ။"

ဟွာဆန်ယန် ဆက်လက် ထိုးဖောက်စူးစမ်းကာ ပြောလိုက်သည်။

ဟွာယိုရှန်သည် အမဖြစ်သူ အမှန်အတိုင်းပြောနေသည်ဟု ထင်ကာ "ကျွန်တော့်အထင် မစ္စရွှင်က မဆိုးဘူးလို့ထင်တာဘဲ။ ရီရွှင်၊ မင်းကော ဘယ်လိုထင်လဲ။"

ရွှင်ရာတင် မည်မျှပင် အထက်စီးဆန်ကာ မာနကြီးကြောင်းကို ရှုရှီယန် ကိုယ်တွေ့သိပြီးသားပင် ၊ သို့သော် ထိုအရာသည် ဟွာယိုရှန်အတွက် မဟုတ်လျှင် တခြားသူအား သူမ မစော်ကား မဝေဖန်လျှင် အကောင်းဆုံးဖြစ်သည်ဟု သူမတွေးလေသည်။

"အင်း၊ မှန်တယ်၊ သူက အတော်အရည်အချင်းရှိတဲ့ အမျိုးသမီးဘဲ၊ ရှားတဲ့ တစ်ရာမှာတစ်ယောက်ပေါ့။"

ဟွာဆန်ယန် ခေါင်းငြိမ့်လိုက်သည်။

"ငါလည်း အဲ့လိုဘဲထင်တယ်။ သူက လုံးဝကို ကျင်တန်နဲ့ လိုက်ဖက်ညီပြီး ကြည့်ကောင်းလိမ့်မယ်။"

နောက်ဆုံး၊ အဲ့တော့ အဲ့ကောင်မလေးပ မင်း မျက်စိကျတဲ့သူပေါ့လေ။

ရှုမိသာစုမှ မိန်းမပျိုလေး။

အမေနဲ့ အဖေရေ၊ အမေတို့ရဲ့သားက နောက်ဆုံးတော့ သူ့အတွက် ကောင်မလေးတစ်ယောက် ရတော့မယ်။

ပွဲပြီးသွားသည့်အခါ ဟွာယိုရှန်သည် ရီရွှင်အနေဖြင့်ဟန်ဆောင်ထားသည့် ရှုရှီယန်အား သူ၏မိဘများ၊ အမများနှင့် မိတ်ဆက်ပေးသည်။ ဟွာမိသားစုသည် ရှာရှီယန်အား နွေးထွေး၍ အသည်းအသန်ပင် ကြိုဆိုကြကာ သူမအား တစ်ညနေရန်ပင်တောင်းဆိုကြသည်။ သို့သော် နောက်နေ့တွင် သူမ စီစဉ်ထားသောအရာများရှိသောကြောင့် တစ်ညနေရန် သူမ မဖြစ်နိုင်ပေ။ မနေနိုင်သည့်အတွက် ရှုရှီယန် တောင်းပန်လိုက်ကာ ပြန်ရန်ပြင်ဆက်နေသည်။ ဟွာယိုရှန်သည် သူမနှင့်အတူ ပြန်မည်ဟုပြောသည့်အချိန် ဟွာယိုရှန်၏အမေ၊ ချန်ယိုလုသည် သားဖြစ်သူအား မပြန်စေချင်သောကြောင့် ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now