အပိုင်း (၁၂၁) အခြေအနေက အခုတော့ ပြောင်းလဲသွားပြီ။

352 25 0
                                    

unicode

ကြီးမားလှသောပျားတူ၏ အအုံသည် သစ်ပင်မှ ထိုမိန်းမကြီး၏ခေါင်းပေါ်သို့ကျလာသည်။

"အ့" မိန်းမကြီး အော်လိုက်သည်။

"ဘာကြီးလဲ။"

ပျားအုံကြီးသည် သူမ၏ခြေထောက်နားရှိမြေကြီးပေါ်သို့ လှိမ့်ကျသွားသည်။ ထိုပျားအုံအား သူမ ကန်လိုက်ရာ ထိုအရာသည် သူမ၏အနားမှ တစ်မီတာအကွာအဝေးသို့ လှိမ့်သွားသည်။ ထို့နောက်တွင် ထိုအုံထံမှ ဒေါသထွက်နေသောပျားအပြုံလိုက်ကြီး လွှတ်ထွက်လာပေသည်။ ထိုနေရာမှ အမျိုးသမီးနှစ်ဦးလုံးသည် အနက်ရောင်ခန္ဓာကိုယ်နှင့် တစ်ဝီဝီမြည်နေသော အင်းဆက်များ၏ ဝန်းရံမှုအား မကြာခင်ပင် ခံနေရပေသည်။ ထို့နောက် သူတို့အား အလွန်အကဲပင် ထိုးနှက်ပေသည်။

"အားးးးးးးးးးးးးးး"

သားသတ်ခံနေရသောဝက်များကဲ့သို့ပင် ထိုအမျိုးသမီးနှစ်ယောက် အော်ဟစ်နေပေသည်။ ရှုရှီယန် ခုန်ဆင်းလိုက်ကာ ဟွာယိုရှန်ဆီသို့ အားရဝမ်းသာပြေးသွားလိုက်သည်။ သူမ၏နောက်မှ အမျိုးသမီးနှစ်ယောက်သည် သူတို့၏ ပြင်းထန်သောအဖြစ်အပျက်များအား ဆက်လက်ခံစားနေရသည်။ ရှုရှီယန် လေးခွအား လုချန်ချန်အားပြန်ပေးလိုက်သည်၊ ထို့နောက် ဟွာယိုရှန်၏နားထဲသို့ တစ်ခုခုအား တိုးတိုးပြောလိုက်သည်။ ဟွာယိုရှန် ခေါင်းယမ်းလိုက်ကာ တခစ်ခစ် ရယ်လိုက်ပေသည်။

ကဲ၊ အခုတော့ သူဘာပြောနိုင်တော့မှာလဲ။

ထိုပျားအုံအား ပစ်ခြင်းဖြင့် သူ့အတွက် သူမ တကယ်ပင် လက်စားချေလိုက်သည်ပင်။

......

ထိုနေရာနှင့် ဟွာအိမ်တော်၏ ကျက်သရေရှိလှပသော အဓိကဟောခန်းကြီးတွင် ဧည့်သည်များနှင့် စုဝေးရောက်လာကြသည်။ ဟွာယိုရှန်သည် ခန်းမထဲရှိ ခုံတစ်ခုပေါ်တွင်ထိုင်‌နေကာ ကောင်းမွန်သောအခြေအနေတွင်ရှိပေသည်။ ကြီးမားလှသော ပန်းပွင့်ကြီးများထိုးထားသော အနီရောင်တန်မင်းမျိုးနွယ်ပုံစံဝတ်စုံအား ဝတ်ဆင်ထားကာ ဟွာယိုရှန်၏ပုံစံမှာ ကျက်သရေရှိကာ ခမ်းနားလှသည်။ ဧည်သည်များထံမှ များစွာသေု ဂုဏ်ပြုများနှင့် ကောင်းချီးများလက်ခံရရှိပေသည်။ ဟွာရွှင်တွင် သားနှစ်ယောက်ရှိပေသည်။ အကြီးဆုံးသားသည် ဟွာဇန်နှင့် သားအငယ်၊ ဒုတိယသားသည် ဟွာလင်ဖြစ်သည်။ သားနှစ်ယောက်စလုံးသည် ဧည့်သည်များ ဧည့်ခံကာအလုပ်ရှုပ်နေပေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now