အပိုင်း(၁၃)နောက်ထပ်ရန်သူတစ်ယောက်။

1.4K 115 1
                                    

unicode

ရှုရှီယန် မသိသည်ကို တွေ့သောအခါ ဟွာယိုရှန်၏အကြောင်း သတင်းများအား သူမကိုပြောပြရန် လိုအပ်သည်ဟု ဖန်ရှောင်ချန်  တွေးမိလေသည် ။

အင်္ဂလိပ်အမည် အယ်ဗစ်(စ်) ။ အရင်က သရုပ်ဆောင် မင်းသားတစ်ယောက်ပင် ။ အသက်၂၁နှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို (ဘဝရဲ့၂၄နာရီ) ဇာတ်ကားဖြင့်ရခဲ့သည် ။ ဟောလီဝုဒ်၏ ‘အရှေ့တိုင်းမှဘုရင်’ တစ်ပါးအဖြစ် တင်စားကြသည် ။ ထိုသူသည် အနုပညာလုပ်ငန်းတွင် ကြည်လင်သန့်ရှင်းသော စမ်းချောင်းလေးတစ်ခုကဲ့သို့ပင် ။ ပွဲဦးထွက်သည့်အချိန်ကတည်းမှ သူ့တွင် မည်သည့် မကောင်းသတင်းမျှ မထွက်ခဲ့ပေ ။ အနောက်နိုင်ငံများတွင် သူ၏လုပ်ငန်း လုပ်ကိုင်ရာ၌ ဂုဏ်သိက္ခာရှိရှိ ၊ အားကြိုးမာန်တက် ကြိုးစားလုပ်ခြင်းပေ ။ တကယ့်ကို နိုင်ငံ၏ ရတနာတစ်ပါးပင် ဖြစ်သည် ။

ထိုလုပ်ငန်းများမှ အနားယူကာ တရုတ်သို့ပြန်လာပြီးနောက်တွင် ဟွာလုပ်ငန်းစု၏ တစ်ဦးတည်းသော အကြီးအကဲ ဖြစ်လာရုံသာမက ယွန်ဟိုင်းအနုပညာလုပ်ငန်း၏ လက်ရှိ
ဥဣဌဖြစ်လာသည် ။

စီးပွားရေးပင်ဖြစ်စေ ၊ သရုပ်ဆောင်သည်ဖြစ်စေ ထိုသူတွင် တမူထူးခြားသော ထိုးထွင်းဉာဏ်နှင့် အမြင်ရှိသည် ။ အမြဲတမ်းပင် အလုပ်များ၌ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သည် ။ ဟွာယိုရှန်၏ လက်ရှိ ဩဇာအာဏာ နှင့် ရာထူးများကြောင့် ခြေဆောင့်နင်းရုံမျှဖြင့် ပေကျင်းတစ်မြို့လုံး တုန်လှုပ်သွားနိုင်သည် အထိ စွမ်းဆောင်နိုင်သည် ။

ထိုအကြောင်းများအား ရှုရှီယန် အမှန်တကယ် မသိခြင်းပေ ။

“အယ်ဗစ်ကို ဟွာယိုရှန်ဖြစ်မှန်း ငါမထင်ထားဘူး။”

အယ်ဗစ်ကို သူမ သိသည် ။ အီစတန်တွင် သူမနေထိုင်သည့်အချိန်၌ ထိုသူ၏ ဇာတ်ကားများ ကြည့်ဖူးကာ အကောင်းဆုံးအမျိုးသားဆု ထိုက်တန်သည့်သူ ဖြစ်ကြောင်းသိထားလေသည် ။

ဟွာယိုရှန်၏ သတင်းများအားကြားပြီးနောက်တွင် တခနတာအတွင်း သူမ တွေးမိသောစကားလုံးသည် ‘f**k’ ။
ထိုသတင်းများကြောင့် ရှုဂျင်ရှန် ၊ ချုယုဟီတို့နှစ်ယောက် နှင့် ရင်ဆိုင်ရန် ခက်ခဲမည်ပင် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now