အပိုင်း(၅၇) ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေတယ်။

1.1K 66 0
                                    

ချက်ချင်းကိုပင် သတင်းအကြီးစားတစ်ခု ဖြစ်သွားခဲ့လေသည်။

အယ်ဗစ်က လက်ထပ်ထားတယ်....
ပြီးတော့ ဇနီးဖြစ်သူက ကိုယ်ဝန်ရှိနေတယ်......

ဟွာယိုရှန်၏နောက်တွင် ရပ်နေသောအမျိုးသမီး၏ ကိုယ်ရေးအကြောင်းအား လူထောင်ပေါင်းများစွာ သိချင်နေကြသည်။ ယွန်ဟိုင်းလုပ်ငန်းစုတစ်ခုလုံးသည် မနက်ခင်းတွင် ၀ရုန်းသုန်းကားဖြစ်နေကြသည်။ ဝန်ထမ်းများကြားထဲ၌ပင် သတင်းများ၊ အတင်းများဖြင့် ရှုပ်ယှက်ခက်နေတော့သည်။

သူဌေးက လက်တွဲဖော်ရှိပြီးသားလား။
သူ၏ ခန္ဓာကိုယ်နဲ့ ဟိုအပိုင်းက ပြန်ကောင်းသွားပြီလား။

ကုမ္ပဏီဝန်ထမ်းများ၏ အုပ်စုဖွဲ့ စကား ပြော‌သည့် ‌ တစ်နေရာထဲ ဆူညံပွက်လောရိုက်ကာ တစ်ကျည်ကျည်ဖြစ်နေရုံပင်မဟုတ်၊ ဟွာမိသားစုအတွင်းရှိ အုပ်စုဖွဲ့ စကားပြောသည့်နေရာပင် ဖရိုဖရဲ ဆူညံနေလေသည်။

မျက်လုံးသုံးလုံး(ငါ့ ိုး။ အကုန်လုံး သတင်းကြည်ပြီးကြပြီလား။)

ချီချီ( ဘာသတင်းလဲ)

မျက်လုံးသုံးလုံး(ယိုရှန် အကြောင်း သတင်းလေ။)

မက်ဆေ့တစ်စောက်အား ပုံနှင့်တကွ ပို့လိုက်သည်။

ချီချီ ( မဖြစ်နိုင်တာ၊ မောင်လေးက ဘယ်တုန်းက လက်ထပ်လိုက်တာလဲ။ သူ့ရဲ့ မင်္ဂလာဆောင်ကို ငါတို့ကို ဘာလို့ မဖိတ်တာလဲ။ အား....။ ဒါ မဟုတ်နိုင်ဘူး။ ဘယ်သူမှ ငါ့ကို ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ မပြောကြဘူး။ ျီးဘဲ။ အကုန်လုံး။ ဘာလို့လဲ.....").

ကျင်ကျင် ( ဒါက တခြားကောလဟာလတစ်ခုပါ။ မောင်လေးက တစ်ခါမှ သူ့မှာ ချစ်သူကောင်မလေးရှိတယ်လို့ မပြောဖူးပါဘူး။)

မျက်လုံးသုံးလုံး ( ဒါပေမယ့် အခု လိုင်းပေါ်မှာ တော်တော် ပြန့်နေတာနော်။ မောင်လေးက မိန်းမကော ကလေးပါ ရှိတယ်လို့ ပြောနေကြတာ။ လိုင်းပေါ်မှာလည်း နာမည်ကြီးအမြန်ဆုံး သတင်းတစ်ပုဒ်ဖြစ်နေပြီ။ တကယ် မှန်တာလား မသိ့ဘူး။)

ကျင်ကျင် (ငါတို့ မောင်လေးကို ခေါ်လိုက်ပြီး မေးကြည့်ရင်ကော)

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now