အပိုင်း(၈၃) အတူတူအိပ်ခြင်း။

975 59 2
                                    

Unicode

ဟွာယိုရှန်သည် အအိပ်ဆတ်သူတစ်ယောက်ပင်။ သူ၏ဘေးမှ အိပ်ယာပေါ်တွင် တစ်ခုခုနှစ်မြုပ်သွားသည်ကိုခံစားမိသောအခါ မျက်လုံးများဖွင့်လိုက်သည်။ ကြည့်ရန် လှည့်လိုက်သည်။ ပြတင်းပေါက်မှဖြတ်ကာဝင်လာသော လရောင်နုနုလေးအကူအညီဖြင့် တစ်ယောက်ယောက်လှဲအိပ်နေကြောင်းတွေ့လိုက်သည်။

ရှုရှီယန်လား။

ဘာ..ဘာလို့ သူက ဒီရောက်နေတာလဲ။

မည်သည့်အကြောင်းဖြစ်ပါစေ ဟွာယိုရှန် ၊ သူ၏ရင်ဘက်ထဲတွင် နွေဦးပန်းတွေပွင့်နေသလိုခံစားရကာ နှလုံးခုန်မြန်နေပေသည်။ သူကိုယ်သူ စိတ်ငြိမ်စေရန် လုပ်လိုက်သည်။ လှည့်လိုက်ကာ သူမအား မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ခြေထောက်အားရွေ့ရန် အတော်ပင် အားစိုက်ထုတ်လိုက်ရသည်။ နောက်ဆုံးတွင် သူ၏ တစ်ကိုယ်လုံးလှည့်လိုက်ကာ အမျိုးသမီးငယ်လေး၏ သေးသွယ်သောနောက်ကျောလေးသည် သူ၏လက်မောင်းကြားထဲရှိ နေရာလွတ်တစ်ဝက်မျှပြည့်နေပေသည်။

သူမနှင့်အတူ ဤဖြစ်ခဲလှသည့် အခြေအနေလေးအား မြတ်နိုးနေကာ သူမအား ညင်ညင်သာသာစောင်ခြုံလွှမ်းပေးလိုက်သည်။ ရုတ်တရက်အပြုအမှုများ မဖြစ်စေရန် အလွန်ပင်သတိထားနေကာ သူ၏ အသက်ရှုသံကိုပင် သူမအား နိုးမိမည်စိုးသောကြောင့် ထိန်းချုပ်နေပေသည်။

နောက်တစ်နေ့ ရှုရှီယန် ပုံမှန်နိုးလာသည်။ သူမ၏မျက်လုံးများအား ဖွက့်လိုက်သည်။ အံဩစွာပင် ချောမောလှသောမျက်နှာတစ်ခုအား သူမရှေ့တွင် တွေ့လိုက်သည်။

ဘယ်...လို..

သူမ မအော်မိခင် သူမ၏ပါးစပ်အား အလျင်အမြန်ပိတ်လိုက်သည်။ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်အေးသွားကာ သူမမြင်နေရသည့်အရာအား မယုံကြည်နိုင်ဖြစ်နေသည်။ ဟွာယိုရှန်သည် တစ်ယောက်ယောက်အား အခွင့်အရေးယူမည့် ယောင်္ကျားမျိုးမဟုတ်ပေ။

သို့သော် သူမ၏အခန်းထဲတွင် အဘယ့်ကြောင့် သူက ရှိနေပါသနည်း။

သူ၏ခန္ဓာကိုယ်အား တိတ်တဆိတ်လှည့်ကာ အိပ်ယာမှ ထမည့် အချိန်တွင် သူနိုးလာသည်။ သူ မျက်တောင်များခတ်လိုက်ချိန်တွင် သူ၏ မျက်လုံးထဲတွင် နူးညံ့သော မနက်ခင်းနေရောင်ချည်များ တလက်လက်တောက်နေသည်။ စမ်းချောင်းတွင် ဖြတ်လျှောက်သွားသော လှပသည့် နာစစ်စပ်နတ်ဘုရားတစ်ပါးနှင့် တူလှပေသည်။ ထိုအခြေအနေအား သူမနှောင့်ယှက်နိုင်စွမ်းမရှိသည့်အထိပင် မြင်ကွင်းသည် ညို့ယူဖမ်းစားနေပေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now