အပိုင်း (၁၃၅) သူ့အပေါ် သူမ ဖောက်ပြန်နေတာကို ခွင့်ပြုထားတာလား။

363 25 0
                                    

unicode

တန်ရီချန်သည် သံသယဝင်ဖွယ်ကောင်းသော သတင်းများအား ရှာဖွေသည့် ပါပါရာဇီအဖွဲ့ဝင်များထဲမှ တစ်ယောက်ကဲ့သို့ပင်ဖြစ်နေသည်။ ရှုရှီယန်နှင့် တခြား ယောင်္ကျားတစ်ယောက် ရင်းရင်းနှီးနှီးစကားပြောကာ ရယ်နေကြသည့်အချိန် တန်ရီချန် ဖုန်းအား ချက်ချင်းထုတ်လိုက်ကာ ထိုမြင်ကွင်းအား ရိုက်ယူလိုက်သည်။ တန်ရီချန်ရိုက်ယူထားသည့် ရှုထောင့်တွင် သူစိမ်း ယောင်္ကျားဖြစ်သူသည် ကင်မရာအား ကျောပေးထားခြင်းဖြစ်သည်။ ရှုရှီယန်၏မျက်နှာသည်သာ ထင်ထင်ရှားရှားမြင်ရပေသည်။ ဓာတ်ပုံရိုက်ပြီးနောက် တန်ရီချန် ဟွာယိုရှန်အား ချက်ချင်း ဖုန်းခေါ်ကာ ပြောလိုက်သည်။

"ဟေး၊ သူငယ်ချင်းရေ၊ ငါ့မှာ သီးသန့်သတင်းတစ်ပုဒ်ရှိတယ်နော်။ ငါ မင်းရဲ့ကောင်မလေးကို အပန်းဖြေဥယျာဉ်ထဲမှာ တွေ့ခဲ့တယ်။"

"အမ်"

ဟွာယိုရှန် စိတ်မပါသော အဖြေအား ဖုန်းမှ တစ်ဆင့် ပြောလိုက်သည်။ ဟွာယိုရှန် စိတ်မဝင်စားသည့်ပုံပင်။ တန်ရီချန် ဟွာယိုရှန်၏ တုန့်ပြန်ပုံအား အားမလိုအားမရဖြစ်ကာ ထို အရေးကြီးသည့်အကြောင်းအား ဆက်ပြောလိုက်သည်။

"သူက တခြားကောင်လေးတစ်ယောက်နဲ့၊ ငါပြောမယ်၊ သူတို့နှစ်ယောက်လုံးက စုံတွဲလို ပုံစံ တအားပေါက်နေတာ။ ဟေး၊ ရှုရှီယန်ရဲ့နောက်ကြောင်းကို အရင်က စစ်ဆေးဖူးလား။ မင်းတို့ နှစ်ယောက်တွဲနေကတည်းက သူက မင်းအပေါ် ထောက်ပြန်နေတာလား။"

တန်ရီချန် သူ၏ သူငယ်ချင်းဟောင်းကြီးအတွက် စိုးရိမ်နေသည်။ ဟွာယိုရှန် သစ္စာထောက်ခံရမည်အား စိုးနေသည်။

စဉ်းစားကြည့်ပါအုန်း။ ကျင်ရှီလို လှတဲ့မိန်းကလေးတစ်ယောက်က ဟွာယိုရှန်ရဲ့ အခုအခြေအနေနဲ့ အတူတူ ရှိချင်မလား။ အဲ့ဒါက တကယ့် အချစ်စစ်ဖြစ်မလား။

အဓိပ္ပာယ်မရှိတဲ့အရာ ဖန်တီးပြီး ပြောချင်တာမဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့ခေတ် မိန်းကလေး ဘယ်လောက်ကများ စိတ်ရင်းမှန်ကြတော့လို့လား။

ဟွာယိုရှန်က မသန်မစွမ်းတစ်ယောက်လေ။ တစ်ယောက်ယောက်က သူနဲ့ အတူတူရှိဖို့ ဆန္ဒရှိတယ်ဆိုရင် အဲ့ဒါက သူရဒ့ပိုက်ဆံ ဒါမှမဟုတ် သူရဲ့ဂုဏ်ငတင်းကေကာင့်ဘဲ ဖြစ်မှာဘဲ။ အဲ့ဒါလေးကိုဘဲ စဉ်းစာကြည့်ပါ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now