အပိုင်း (၁၀၁) တိုက်ခိုက်ဖို့အချိန်ဘဲ။

518 39 0
                                    

unicode

ဆိုတော့ကာ သူက သူမအပေါ် ကြွေနေခဲ့တာပေါ့....

ရှုရှီယန်၏နှလုံး အခုန်မြန်နေပေသည်။ ရုတ်တရက်အံ့ဩစရာကောင်းသော သတင်းတစ်ပုဒ်ပင်။

အရင်အချိန်ကတည်းက ဟွာယိုရှန်က သူ့ကို သဘောကျနေခဲ့တာလား။

မဖြစ်နိုင်တာ။

သူမဆီမှာ ဘာများတွေ့လို့လဲ။ သိချင်လိုက်တာ...

ရှုရှင်းရို ပြောနေသည့်အချိန် သူမ၏အသံထဲတွင် မကျေမချမ်းစိတ်ပျက်မှုများပါဝင်နေသည်။

"သမီးတော့ နားကိုမလည်နိုင်တော့ဘူး။ ယုဟီတောင် သူ့ကို စိတ်မဝင်စားခဲ့တာ၊ ဟွာယို
ရှန်က သူ့ကို ဘာလို့ကြိုက်ရမှာလဲ။ သူက ဘယ်လောက်တောင် ထူးခြားကောင်းမွန်နေလို့လဲ။"

သူမ ထိုအကြောင်းအား သေသေချာချာပြန်စဉ်းစားကြည့်မိသောအခါ လွန်ခဲ့သောရက်အနည်းငယ်ကတွင် ဟွာယိုရှန် ရိုက်ကွင်းသို့ ရုတ်တရက်ပေါ်လာသည့် အကြောင်းအားလုံးသည် ရှုရှီယန်ကြောင့်ပင် ဖြစ်ပေသည်။

"ဘယ်သူသိမလဲ။ ဒါပေမယ့် သမီးကိုတစ်ခုတော့ပြောထားမယ်၊ သမီးအဖေက ရှုရှီယန်အပေါ် အခု သဘောထားပြောင်းနေတယ်၊ သူနဲ့လည်း အဆင်ပြေအောင်နေ နေတယ် ဘာလို့လဲဆိုတော့ ရှုရှီယန်က သူရဲ့ရွှေငန်းမဘဲ ၊ အဲ့တာကြောင့် သူ့ကို အလွတ်မခံနိုင်ဘူး။ ရှုရှီယန်ရဲ့မျိုးရိုးနာမည်က ရှုဖြစ်နေသရွေ့ မင်းရဲ့အဖေ‌ နေရာက ယွန်ဟိုင်းမှာရှိနေမှာဘဲ။ ပြီးရင် ချုမိသားစုကော ရှုမိသားစုကော ယွန်ဟိုင်းရဲ့အထောက်အပံ့ကိုဆက်ရနေမှာဘဲ။"

ရှုရှင်းရို၏အသံသည် အနည်းငယ်စိုးရိမ်နေသော အသံပေါက်နေခဲ့သည်။

"ဒါပေမယ့် သူက နာမည်ပြောင်းပြီးပြီလေ၊ သူ့မျိုးရိုးက ရှုမဟုတ်တော့ဘူး။ အခု သူ့ကို ကျင်ရှီလို့ ခေါ်ကြတာ။"

"ဘာ၊ အမလေး၊ ဒါ နင့်အဖေကို ပြောပြမှရမယ်။"

အခန်းထဲမှ အပြင်သို့ထွက်လာသည့် ခြေသံများကြားရသောအခါ ရှုရှီယန် အလျင်အမြန်ပုန်းကွယ်လိုက်သည်။ ဆူရူအီ အခန်းထဲမှ ထွက်သွားပြီးနောက် ပုန်းနေသည့်နေရာမှ ထွက်လာကာ သူမ၏အခန်းသို့သွားနေလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now