အပိုင်း (၁၂၃) အရှက်မရှိသောဘက်လိုက်မှု။

341 31 0
                                    

unicode

ရှုရှီယန် အဖိုးအိုအားကျေးဇူးတင်လိုက်ကာ ဟွာယိုရှန်၏ဘေးခုံတွင်ထိုင်လိုက်သည်။ မျက်နှာချင်းဆိုင်တွင် ဟွာကျင်တန်သည် သူမအား ခေါင်းစခြေဆုံးကြည့်နေပေသည်။ ဤငွေရောင်ဆံပင်နှင့်ကောင်လေးသည် ပြန်လည်ထူထောင်ရေးဌာနတွင်အ‌ စောမှ တွေ့ခဲ့သော မိန်းကလေးဖြစ်ကြောင်းသိလိုက်သည်။ ဟွာမိသားစုထံလာလည်ရန် သူမ ယောင်္ကျားလေးတစ်ယောက်ကဲ့သို့ဝတ်ဆင်ခဲ့သည့်အတွက် အံ့ဩနေပေသည်။

ပြဿနာတစ်ချို့ကိုကာကွယ်ဖို့အတွက် စမတ်ကျတဲ့နည်းဘဲ။

လင်ရွယ်မိန် ဟွာယိုရှန်အား စကားတမင်မေးလိုက်သည်။

"အဖိုးအတွက်လက်ဆောင်ပြင်နေလို့ နောက်ကျနေတာလား။ ဘာဝယ်လာလဲ။ လာ၊ ငါတို့ကို အမြန်ပြပါအုန်း။ ဘာလဲ ကကည့်ကြရအောင်။"

လင်ရွယ်မိန်၏စကားများအားကြားပြီးနောက် လူအများသည် ဟွာယိုရှန် အဖိုးအားပေးမည့်လက်ဆောင်အား စပ်စုသိခိင်နေကြသည်။

"အကြီးဆုံးသခင်လေးကတော့ ရှစ်မီလီယံယွမ်ရှိတဲ့ ကျောက်စိမ်းလက်ကောက်တစ်ခုကို ပေးပြီးပြီ။ ဒုတိယသခင်လေးက မိသားစုရဲ့အကြီးအကဲကို ဘာပေးမလဲဆိုတာ အရမ်းသိချင်နေပြီ... ကျောက်စိမ်းလက်ကောက်ထက် ဆိုးမယ့်မှာ မဟုတ်တာသေချာတယ်။"

"အဲ့တာဆို ၁၀မီလီယံအနည်းဆုံးရှိလောက်တယ်။"

"အမြန်၊ ထုတ်ပြီး ငါတို့ကို ပြပါအုန်း။"

.......

လူတိုင်းသည် ဟွာယိုရှန် သူ၏လက်ဆောင်အား ထုတ်ပြရန်စောင့်နေကြပေသည်။ ဟွာယိုရှန် သူ၏ပေါင်ပေါ်တွင်ရှိသော သေတ္တာတစ်ခုအားပတ်ထားသည့် ဖဲသားအဝတ်အားဖြည်လိုက်သည်။ လူတိုင်းသည် ပြူးပြဲကာ သိချင်စိတ်လွန်းကဲနေသောမျက်လုံးများနှင့် ကြည့်နေသည်။ ထို လှပသော လက်ဖြစ်သေတ္တာနစ်ခုထဲတွင် အလွန်တန်ဖိုးကြီးလှမည့်တစ်စုံတစ်ရာပါလာမည်ဟု ‌သေချာနေသည်။ ဟွာယိုရှန် အဖုံးအားဖွင့်နေစဉ် ရှုရှီယန်သည် ဘူးအားကူကိုင်ထားပေးသည်။

"အဖိုး၊ ဒီနေ့က အဖိုးမွေးနေ့လေ၊ ဒါပေမယ့် ယိုရှန်က တန်ဖိုးကြီးကြီးလက်ဆောင်တစ်ခုမှ မပြင်ခဲ့ရဘူး။ အဖိုးအတွက် မွေးနေ့ကိတ်တစ်လုံးဘဲ ယူလာခဲ့ရတယ်။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now