အပိုင်း (၁၁၅) သူတို့ကို တစ်သက်လုံး အမြတ်တနိုးတန်ဖိုးထားပါ့မယ်။

516 39 0
                                    

unicode

"သူကို ရှင်ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ ကျွန်မ တကယ့်ကို ရှင့်ရဲ့သီချင်းတွေကို ကြိုက်တာ။ ကျွန်မရဲ့ဖုန်းထဲမှာလည်း ရှင့်ရဲ့သီချင်းအယ်ဘမ်ကို ဒေါင်းလော့ဆွဲထားတာ။ ကျွန်...ကျွန်မ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ရှင်က နီယွန်ဖြစ်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှပင် မတွေးဖူးဘူး။ ဆရာ၊ ကျွန်မကို လက်မှတ်လေးထိုးပေးလို့ရ့မလား၊ ကျေးဇူပြုပြီး။"

ရှုရှီယန် သူအပေါ်တွင် အရူးအမူးကြိုက်နှစ်သက်ကာ ဝမ်းသာလွန်းအားကြီး၍ အရမ်းတက်ကြွ မျက်စိနောက်နေသောပရိတ်သတ်တစ်ယောက်ပုံစံဖြစ်လာသည်။ ဟွာယိုရှန် သူမအား ရပ်တန့်လိုက်ကာ ပြောလိုက်သည်။

"ကိုယ့်ရဲ့စာကြည့်ခန်းထဲမှာ ကော်ပီကူးထားတဲ့ လက်မှတ်တွေရှိတယ်။ လိုချင်တယ်ဆို မင်း ယူလို့ရတယ်။"

"တကယ်...တကယ်လား။ ကျွန်မတော့ အရမ်းပျော်ပြီး ဂုဏ်ယူလိုက်တာ။"

ရှုရှီယန် ပျော်ရွှင်ခုန်ပေါက်ပြီးနောက် အမြန်ပင် ဟွာယိုရှန်အား တယောခန်းထဲမှ တွန်းခေါ်သွားသည်။ လက်မှတ်ထိုး‌ထားသောအယ်ဘမ်အား ရပြီးနောက် ထိုအရာအား သူမ၏ရင်ဘတ်နားသို့ကပ်ဖက်ထားကာ ရှုရှီယန်ပြောလိုက်သည်။

"မစ္စတာဟွာ၊ ကျေးဇူးတင်ပါတယ်။ ဒီအယ်ဘမ်ကို ကျွန်မ တစ်သက်လုံး အမြတ်တနိုး တန်ဖိုးထားမှာပါ။"

ဟွာယိုရှန် သူမအား ပြုံးပြကာ သူ၏မျက်လုံးထဲတွင် အလင်းအရောင်များ တောက်ပစွာလင်းနေသည်။ သူ၏နှလုံးသားထဲမှ အသံတစ်ခုသည် လူမသိသူမသိပြောဆိုနေသည်။

"ကျင်ရှိကိုကော ကျေးဇူးတင်ပါတယ်။ မင်းကိုလည်း ကိုယ်တစ်သက်လုံး တန်ဖိုးထားမြတ်နိုးသွားမှာပါ။"

မနက်စာစားပြီးနောက် နှစ်ယောက်စလုံးအိမ်မှ အတူတူထွက်လာသည်။ ဟွာယိုရှန် သူမအား မေးလိုက်သည်။

"ဒီနေ့ ရိုက်ကွင်းမရှိ့ဘူးလား။"

"အင်း၊ မရှိ့ဘူး။ ဒီနေ့ ရိုက်တာတွေအတွက် ကျွန်မကို မလိုဘူးလေ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဆွက် ဆေးရုံကို ရှင်နဲ့အတူ လိုက်လို့ရတယ်။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now