"ဘယ်လိုများပြောရက်ရတာလဲ။ ရှုမိသားစုက မင်းရဲ့အိမ်ဖြစ်နေမှာဘဲ။"
ရှုရှီယန် စိုးရိမ်နေသောမျက်နှာထားအား လုပ်ယူတပ်ဆင်လိုက်သည်။
"အနည်းဆုံးတော့ အဖိုးနဲ့အဖွားတို့ဆီ ပြန်လာပြီး လာလည်သင့်တယ်။ ပြီးတော့ အဖေကောဘဲ။ သူတို့အကုန်လုံး မင်းကိုသတိရနေရှာတာ။"
"အိုး...။ လာပါမယ်။ အချိန်ရရင်ပေါ့။"
သူမ အမှန်တကယ်တွေ့ချင်သော သူသည် တစ်ယောက်တည်းသာ။ အဖိုးဖြစ်သူသည်ကိုသာ။ သို့သော် အချိန်တစ်ခုကြာသည်အထိ သူမ အဖိုးဆီအားသွားနိုင်မည်မဟုတ်ပေ။ သူမ အရာရာတိုင်းအား ပြန်လည် ဖြေရှင်းပြီးသည်အထိ သူမ စောင့်ချင်သည်။
"မင်း အခု နေစရာကောရှိလား။" ရှုရှီယန် မေးလိုက်သည်။
"သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာနေတာ။"
ရှုရှီယန် တခြားဘက်သို့ လှည့်နေလိုက်သည်။ ထိုစကားဝိုင်းအား ဆက်လက်ပြောရန် စိတ်ကူးမရှိပေ။
ရှုရှီယန်သည် အိမ်ပြန်လာမည့်အစား သူငယ်ချင်းအိမ်တွင်နေသည့်အကြောင်းသည် ရှုရှင်းရို စိတ်ဝင်စားကာ စိုးရိမ်နေသောအချက်တစ်ခုနှင့် ကိုက်ညီသွားသည်။ သူမအား ဘယ်တော့သောအခါမှပင် အိမ်ပြန်မလာရန် မျှော်လင့်ပေသည်။
ရှုရှီယန်၏ရင်ဘတ်တွင်ကပ်ထားသော နံပါတ်ပြားအားကြည့်လိုက်သည်။
"ကျင်ရှီ။ နာမည်ပြောင်းလိုက်တာလား။ နံပါတ်၂၂၂။ အဲ့တာဆို ဒီကို လူရွေးလာဖြေတာပေါ့။ မင်း သရုပ်ဆောင်ဖြစ်ချင်မှန်း ငါမသိခဲ့ဘူး။ ဘယ်နေရာကို ရဖို့အတွက်လဲ။ ထုတ်လုပ်သူအဖွဲ့နဲ့ ငါကြည့်ကြပ်ပြောပေးလို့ရတယ်နော်။ ဘာဘဲဖြစ်ဖြစ် ငါ့ရဲ့ညီမလေးပဲဟာ။ ငါရဲ့ထောက်ခံချက်နဲ့ အချိန်အကြာကြီးရှေ့ဆက်လို့ရတယ်။"
"ရပါတယ်။" ရှုရှီယန် တဲ့တိုးပြောလိုက်သည်။
"ဒီနေရာ ရဖို့အတွက် ဘယ်သူ့အကူအညီမှ မလိုဘူး။"
ရှုရှင်းရို တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သည့်အချိန် သူမ၏လက်ထောက် ဝမ်လီရောက်လာသည်။
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...