အပိုင်း (၁၁၁) သူမအတွက် သူရဲ့ နှလုံးသား အတော်ကိုနာကျင်ကိုက်ခဲတယ်။

426 34 0
                                    

unicode

ဟွာဆန်ယန် ဗိုက်ပြည့်လေပြီ။ သူမ၏ဗိုက်အား ပွတ်ကာ အားရပါးရပင်လေချင်တက်လိုက်သည်။ ထို့နောက် တစ်ဝက်စာနာထောက်ထားသောအနေဖြင့် မေးလိုက်သည်။

"ပန်းကန်တွေဆေးပေးဖို့ လိုသေးလား။"

"မလိုဘူး။"

ဟွာယိုရှန် သူမအား အိမ်ထဲမှ တတ်နိုင်သမျှ အမြန်ပင် ထွက်စေချင်နေသည်။

"အိုး၊ ငါ့ရဲ့မောင်လေးက ငါ့အပေါ်အမြဲသိတတ်တယ်ဆိုတာ ငါသိသားဘဲ။ အလုပ်ကနေပင်ပန်းလာပြီးတော့ သူက ငါ့ကို ထပ်ပြီး အလုပ်လုပ် မပင်ပန်းသေချင်တော့ဘူးလေ။ ကဲ အဲ့တာဆိုလည်း၊ တရေးတမော ခနလောက် နားတာပေါ့။"

ဟွာဆန်ယန် ဧည့်ခန်းထဲသို့ဝင်သွားသည်။ ဆိုဖာပေါ်တွင် အဆင်ပြေသလိုထိုင်၍ တီဗွီရီမုကောက်ကိုင်ကာ တီဗွီအားဖွင့်လိုက်သည်။ သူမ၏ကိုယ်ပိုင်အိမ်တွင် ပုံမှန်နေနေကျထက်ပင် ပို၍ ဇိမ်ရှိ၊ သက်သောင့်သက်သာရှိအောင် ပြုမှုနေသည်။

"အမ အတော် စားသောက်ပြီးနေပြီ၊ အခုတော့ အိမ်ပြန်သင့်ပြီမဟုတ်ဘူးလား။"

ဟွာယိုရှန် ဝှီးချဲဖြင့် သူမဆီသို့လာကာ ပြောလိုက်သည်။

"ဒါပေမယ့် အရမ်းစောသေးတယ်လေ။ ပြီးတော့ အိမ်မှာ ငါ ဘာမှလုပ်စရာမှမရှိတာ။"

ကော်ဖီစားပွဲခုံအောက်မှ ဂိမ်းပစ္စည်းများကို ဟွာဆန်ယန် ရုတါတရက်သတိရလိုက်သည်။ ဆိုဖာပေါ်မှထကာ ပြောလိုက်သည်။

"အာ..ဟ့။ ငါ့တို့ ဒီညတစ်ညလုံး တော်ဝင်မင်း၏မဟာမိတ်ဂိမ်းကို ဆော့ကြရင်ကော ဘယ်လိုလဲ။"

ဘုရား ဘုရား...ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်ကို လွှတ်ထားပေးပါ...ကျေးဇူးပြုပြီး...

သူမ တစ်ညလုံး ဗီဒီယိုဂိမ်းကစားချင်သည်ဟု ကြားသောအခါ ဟွာယိုရှန် ဒူများပင် ယိုင်နဲ့ကာ ညွှတ်ကျလုနီးပါးပင်။ ရှုရှီယန်သည် အိမ်ထဲတွင် ပုန်းနေရပေသေးတယ်၊ သူမအတွက် ဟွာယိုရှန် စိုးရိမ်‌နေသည်။ ဟွာဆန်ယန်သည် ဂိမ်းအား သွင်းနေကာ စတင်အလုပ်လုပ်တော့မည့်အခြေအနေ၏ အလယ်တွင် ရောက်နေပေသည်။ သူ တစ်ခုခု အမြန်စဉ်းစားရပေမည်။ နောက်ဆုံး ဟွာယိုရှန် အကြံတစ်ခုရလာသည်။ ပါဝါခလုတ်များအား ပိတ်ရန် သူ တိတ်တဆိတ် သွားလိုက်သည်။ ရုတ်တရက် တစ်အိမ်လုံးမှောင်မဲသွားပေသည်။ အမှောင်ထဲတွင် ဟွာဆန်ယန်၏အော်သံအား သူကြားလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now