အပိုင်း(၁၆) သူ့ကို လည်ပင်းညှစ်သတ်ပစ်လိုက်ချင်တယ် ။

1.3K 115 1
                                    

လက်ကို လွှတ်ပေးရမည့်အစား ချုယုဟီ စကားဆက်ပြောလိုက်သည် ။

“ယန်ယန် ငါ ပြောစရာရှိတယ် ။ နင့်ကိစ္စဆိုရင်တော့ နားထောင်ဖို့အချိန်ရမှာပါ ၊ ဟုတ်တယ်မို့လား။”

“နင်...”

ဖန်ရှောင်ချန် ယင်ဘာအိုအား ပွေ့ချီမထားလျှင် ထိုရွံစရာကောင်းသော မျက်နှာအား တစစီဆွဲလုပ်နေမည်ပင် ။ နှစ်ယောက်စလုံး လမ်းခွဲခဲ့ကြသည် ။ အခုမှပင် ထိုလူသည် ရှုရှီယန်အား လာတွယ်ကပ်နေခြင်းပင် ။ ရွံရှာစက်ဆုပ်စရာ ၊ ရှက်စရာကောင်းသော လူပင် ။

“လိမ္မော်သီး ၊ ဒါချီ  နင်တို့ အရင် သမီးနဲ့ ထွက်သွားနှင့်။”

ရှုရှီယန် ဖန်ရှောင်ချန်အား ထွက်သွားရန်ပြောသည့် အချိန်တွင် မျက်စိမှိတ်၍ သူမအဆင်ပြေကြောင်း အချက်ပြ သတိပေးလိုက်သည် ။

ဒီနေ့ ဒီအချိန်တွင် သူမသည် အတိတ်မှရှုရှီယန်ကဲ့သို့ ပျော့ညံ့သော ၊ အယုံလွယ်သော မိန်းမတစ်ယောက် မဟုတ်တော့ပေ ။ သူမကိုယ်သူမ ကာကွယ်ရန် အဆင်သင့်ဖြစ်နေသည် ။ ချုယုဟီ သူမအား မည်သည့်အရာနှင့်မျှ ချိန်းခြောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ပေ ။

ဖန်ရှောင်ချန် ထိုသတိပေးချက်အား နားလည်ကာ ယင်ဘာအိုအား ဝမ်ဒါချီနှင့်အတူ အိမ်ပြန်ပို့လေသည် ။

လူသွားလူလာမရှိသော တိတ်ဆိတ်နေသည့်ကော်ရစ်ဒါတွင် အလင်းဖျော့လေးသည် ရှုရှီယန်၏ မျက်နှာနုနုလေးပေါ်တွင် ဖြာကျနေသည် ။ ချုယုဟီ ၊ ရှုရှီယန်အား အလိုရမ္မက်များဖြင့် စိုက်ကြည့်နေသည် ။ ရှုရှီယန် ထိုလူ၏မျက်နှာနှင့် ဝေးရာသို့ ကြည့်နေလျက် တမင်ပင် ထိုရွံစရာကောင်းသောသူအား အသိပေးလိုက်သည်  ။

“စကားပြောဖို့ မဟုတ်ဘူးလား ။ ဒီအတိုင်းရပ်နေရတော့မှာလား ။”

ချုယုဟီသည် ထိုစကားများကြောင့် သူမ တစ်ဖန် စိတ်ပြန်လည်လာကာ သူ့အား အခွင့်အရေးပေးမည်ဟု ယူဆလိုက်သည် ။ ထို့ကြောင့် အားတက်သရောဖြင့်

“ဒီမှာ အခန်းယူလိုက်ရင်ကော ဘယ်လိုလဲ။”

ရှုရှီယန် မဖြေဘဲ ထိုသီးသန့်အခန်းသို့ လှည့်ကာ တည့်တည့် လျှောက်သွားလိုက်သည် ။ချုယုဟီ သူ၏စိတ်အား တည်ငြိမ်ရန် ကြိုးစားပြီးနောက် သူမနောက်သို့လိုက်ကာ အထဲဝင်၍ တံခါးအားလော့ချပိတ်လိုက်‌လေသည် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now