အပိုင်း(၂၉) မမျှော်လင့်ထားတဲ့ အံဩဖွယ်ရာတစ်ခု။

1K 84 0
                                    

အဲဒါ သူ့အတွက်တော့ ဘာမှမဟုတ်ပေ။ အရင် အချိန်တုန်းများဆိုလျှင် သူမ နံရိုးသုံးချောင်းထိကျိုးဖူးလေသည်။ ထိုအရာသည်လည်း တဖြေးဖြေးနှင့် သူ့ဘာသာပျောက်သွားသည်ပင်။ ဤအရာမျိုးသည် သူမအတွက် ခြစ်ရာရှရာလေးတစ်ခုပင်သာ။

သူမအတွက် တစ်နေ့စာအလုပ်သည် ထိုအရာများပင်။ တစ်နေ့တာအလုပ် ပြီးခဲ့လေပြီ။

"ဒီ အစားထိုးအလုပ်ကို နင်လုပ်မှဖြစ်မှာလား။"
ဖန်ရှောင်ချန်မေးလိုက်သည်။

"တအား အန္တာရာယ်များတယ်နော်။"

"အင်း...။ ဒီနေ့ ညနေပိုင်းမှာ ဇာတ်ပို့သရုပ်ဆောင်အတွက် လူရွေးပွဲတစ်ခုရှိတယ်။ တကယ် ငါသာအရွေးခံရရင် သရုပ်ဆောင်လောကထဲ ငါလုံးဝဝင်လို့ရပြီ။"

အာ...။ ဒီကောင်‌မလေးကိုတော့ မနိုင်တော့ဘူး။

သို့သော် ရှုရှီယန် မျက်နှာပေါ်မှစိတ်လှုပ်ရှားနေမှုအား ဖန်ရှောင်ချန်တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ၏ မျှော်လင့်ချက်များအား မတားဆီး မဟန့်တားနိုင်ခဲ့ပေ။

"အေးပါ။ နင် ကံကောင်းမှာပါ။"

.....

ရိုက်ကွင်းအလုပ်ပြီးသည့်အချိန်သည် နေ့လယ်ပင် နီးနေပြီဖြစ်သည်။ နေ့လယ်စာစားရန် ရှုရှီယန်နှင့် ဖန်ရှောင်ချန်တို့သည် ယင်ဘာအိုအား သပ်ရပ်သန့်ရှင်း၍ တိတ်ဆိတ်သော မြို့ထဲမှ ဟိုတယ်တစ်ခုအား ခေါ်သွားသည်။

ရှုရှီယန် သန့်စင်ခန်းသို့ ခနဝင်လိုက်၍ ပြန်ရောက်သောအခါ သူမ မတော်တဆ သီးသန့်အခန်းတစ်ခုသို့ မှားဝင်မိသွားသည်။ သူမ တံခါးဖွင့်လိုက်ချင်းတွင် မုတ်ဆိတ်မွှေးများရှိသော အသက်၄၀၊ ၅၀ကျော် ယောင်္ကျားကြီးတစ်ယောက်နှင့် ချောမောလှပသော အမျိုးသမီးတို့ ထိုင်လျက် စားသောက်နေသည်ကို တွေ့လိုက်သည်။ ထို ယောင်္ကျားကြီးနှင့် အမျိုးသမီးတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး လက်ပွန်းတတီးရှိကြသည့်ပုံပင်။ ရှုရှီယန် တံခါးဖွင့်၍ နှောင့်ယှက်လိုက်သည့်အခါမှသာ တစ်ယောက်နှင့်တစ်ယောက် အလျှင်အမြန်ခွာ၍ ကိုယ်နေရာတွင် ကိုယ်ထိုင်ကာ အေးဆေးတည်ငြိမ်နေပုံပင် ဟန်ဆောင်လိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now