အပိုင်း (၆၆) သူက ကလေးတွေကို ချစ်တာလား။

925 57 0
                                    

ရှုရှီယန် အချိန်တစ်ခုယူကာ ချင့်ချိန်စဉ်းစားပြီးနောက် ယင်ဘာအိုနှင့် သူ၏အဖေအားမိတ်ဆက်ပေးမည့် အစီစဉ်ကို လက်လျော့လိုက်သည်။ ဟွာမိသားစုမှလူများသည် ယင်ဘာအိုအား သူမဆီမှ ယူသွားမည်ကို ကြောက်နေသည်။ ထိုအရာသည် ယင်ဘာအိုအတွက် စိတ်ဒဏ်ရာတစ်ခုဖြစ်သွားနိုင်ပေသည်။ ထို့အပြင် ယင်ဘာအိုအား ဟွာယိုရှန် မည်သို့မည်ပုံတွေးမည်နှင့် ကလေးများအား ချစ်တတ်၊ မချစ်တတ် မသေချာသောကြောင့်ပင်ဖြစ်သည်။

ဟွာယိုရှန်တွင် သူ၏ စိုးရိမ်ဖွယ်ရာ ပြဿနာများနှင့်ပေ၊ ထို့ကြောင့် ရှုရှီယန် မီးတောက်အား လောင်စာထပ်မလောင်းချင်ပေ။ ရှုရှီယန် ဟွာယိုရှန်အကြောင်းအား တွေးနေချိန်လေးတွင် သူ့မအား ပြုံးနေသည့်နေပုံစံ ကာတွန်းရုပ်လေးအား ဟွာယိုရှန် မက်ဆေ့စ်ပို့လာလေသည်။

အရမ်းတောင်‌ နောက်ကျနေပြီကို.... အခုထိ မအိပ်သေးဘူးလား။

"မအိပ်သေးဘူးလား။"  ရှုရှီယန် စာပြန်လိုက်သည်။

"မအိပ်သေးဘူး။ သတင်းကို တွေ့ပြီးပြီလား။"

"အင်း၊ တွေ့ပြီးပြီ။ ဒီဒုက္ခတွေထဲ ရှင့်ကို ရောက်စေမိလို့ တောင်းပန်ပါတယ်။"

ရှုရှီယန် သူမလုပ်ခဲ့သည့်အရာအတွက် အလွန်ပင် အားနာနေသည်။ ဟွာယိုရှန်သည် သူ၏အလုပ်လုပ်နေသည့်တောက်လျှောက်တွင် မည်သည့်ကောလဟာလမျှမထွက်ဖူးပေ။ ထို့နောက် သူမရောက်လာကာ လွန်ခဲ့သောငါးနှစ်တွင် ဟွာယိုရှန်နှင့် ကျူးလွန်မိခဲ့သည်။ ယခုတွင် သူမအတွက်ကြောင့်ပင် သူနှင့်ပက်သက်သော ကောလဟပျံ့နေပေသည်။

"တကယ့်ကို ဘာမှမဟုတ်ပါဘူး။" သူ စာပြန်လိုက်သည်။

"မင်းကို လာပြီးအကျိုးသက်ရောက်မှာကို ကိုယ်က ပိုစိတ်ပူနေတာ။"

"ကျွန်မ အဆင်ပြေပါတယ်။ ရုပ်ရှင်ဘုရင်ကြီးကို အသုံးပြုပြီး လှေကားနဲ့ တတ်သွားတယ်လို့ဘဲ ကျွန်မကိုတွေးလိုက်ပါ။"

ရှုရှီယန် နောက်ပြောင်ကာ ရေးလိုက်သည်။

"ဟားဟား။ အဲ့ဒီ့ ရုပ်ရှင်ဘုရင်ကြီးဆိုတာကို ရပ်ပါအုန်း။ အဲ့တာတွေက အရင်တုန်းကဟာတွေပါ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now