အပိုင်း (၁၁၃) သူ့ကို ထပ်ပြီး မနှောင့်ယှက်နိုင်တော့ဘူး။

389 35 0
                                    

unicode

ညစာစားပြီးနောက် ရှုရှီယန်ပန်းကန်များကို ဆေးရန်လုပ်လိုက်သည်၊ သို့သော် ဟွာယိုရှန် သူမအား တားလိုက်သည်။

"မဆေးနဲ့။ မနက်ဖြန် ပန်းကန်ဆေးစက်ဝယ်လာဖို့ တစ်ယောက်ကို ပြောလိုက်မယ်။ အခုတော့ အဲ့တာတွေကို ဒီအတိုင်းထားလိုက်ပါ။"

သူမအတွက် သနားနေကာ သူမအား ထပ်ပြီး မပင်ပန်းသေချင်တော့ပေ။ သူမ စောစောအနားယူကာ အိပ်သင့်ပေသည်။

"အင်း ၊ အဲ့တာဆိုလည်း ဟုတ်ပြီလေ။ အခု ကျွန်မ ပြန်တော့မယ်။ ကောင်းသောညပါ။"

ရှုရှီယန် ဟွာယိုရှန်အား နှုတ်ဆက်ကာ ဘေးအိမ်သို့ သူမ ဝင်သွားသည်။ သူမ အိမ်ထဲသို့ဝင်လိုက်ချင်း ပထမဆုံးလုပ်သည့်အရာမှာ သူမ၏ဖုန်းဖွင့်လိုက်ခြင်းပေ။ များစွာသော ဖုန်းခေါ်ဆိုမှုအသိပေးစာများ သူမ၏ဖုန်းမျက်နှာပြက်ပေါ်တွင် တက်လာသည်။ အများစုမှာ ရှုဂျင်ရှန်ဆီမှဖြစ်ကာ တစ်ချို့သည် ယင်ဘာအိုဆီမှဖြစ်သည်။ ယင်ဘာအိုသည် သူမထံ ဆက်သွယ်၍မရသည့်အတွက် အသံမက်ဆေ့ချန်ထားခဲ့သည့်ပုံပင်။ သူမ၏အမေအား သူမထံပြန်လည်ဖုန်းခေါ်ဆိုရန် တောင်းဆိုထားကာ သူမ ဖုန်းအားစောင့်နေမည့်အကြောင်းပြောထားခဲ့သည်။ ရှုရှီယန် ယင်ဘာအို၏ ကလေးသုံးဖုန်းလေးအား ချက်ချင်းခေါ်လိုက်သည်။ တစ်ကြိမ် အသံမြည်ပြီးနောက် ဖုန်းချက်ချင်းဝင်သွားသည်။ ယင်ဘာအို အမေဖြစ်သူ၏ဖုန်းခေါ်ဆိုမှုအား မျှော်နေမည်ဖြစ်မည်။

"ရှီဘေဘီ၊ ရှီဘေဘီ....နောက်ဆုံးတော့ ကလေးလေးရဲ့ဖုန်းကို ပြန်ခေါ်ပြီ။ ကလေးလေးက အရမ်းအရမ်းကို စိုးရိမ်နေတာကို။ အကုန်လုံး အဆင်ပြေရဲ့လားဟင်။"

ယင်ဘာအို၏ ကလေးအသံသေးသေးလေးသည် ဖုန်းထဲမှ တစ်ဆင့်ထွက်လာသည်။ သမီးဖြစ်သူ၏အသံကြားလိုက်ခြင်းသည် ရှုရှီယန်အား အားအင်အသစ်များဖြစ်စေကာ တစ်နေ့တာ အညစ်အကြေးများနှင့် စိတ်ပျက်စရာများ ဆေးကြောလိုက်သကဲ့သို့ပင်ဖြစ်သည်။

"ဟိုး၊ ကလေးလေးရယ်၊ ရှီဘေဘီက အဆင်ပြေပါတယ်။ ဖုန်းကို အကြာကြီးစောင့်စေမိလို့ အများကြီး အများကြီး တောင်းပန်ပါတယ်နော်။ ကလေးလေး အိပ်နေပြီလား။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now