ရှုရှီယန် ပူပင်သောကများနှင့် အိမ်သို့ပြန်သွားသည်။
နောက်တစ်နေ့မနက်ခင်းတွင် ပေကျင်းမှအပေါင်ဆိုင်ကို တစ်ဖန်ထပ်သွားကာ ဆိုင်ရှေ့မှမန်နေဂျာအား အသနားခံတောင်းပန်လေသည်။
"ကျွန်မ အပေါင်စာရွက်ပျောက်သွားတာမဟုတ်ပါဘူး။ အဝတ်လျှော်စက်ထဲ ထည့်လိုက်လို့ ပျက်စီးသွားတာပါ။ ကျေးဇူးပြုပြီး တစ်ကြိမ်လောက် လျှော့ပေါ့ပေးလို့ရ့မလား။ ယွမ်တစ်သိန်းနဲ့ ငါးနှစ်အတွင်း ပေးရမယ့် အတိုးအကုန်ကို ကျွန်မတစ်ခါတည်း ယူလာတယ်။ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကို တယောလေးပြန်ပေးပေးပါ။"
သူမ ဘယ်လောက်ပင် တောင်းပန်ပါစေ မန်နေဂျာသည် သဘောထားမပြောင်းလဲပေ။
"တောင်းပန်ပါတယ် အစ်မ။ အချိန်အတိအကျကို အပေါင်စာရွက်နဲ့ မလာနိုင်ခဲ့တဲ့အတွက် အပေါင်ပစ္စည်းကို ဆိုင်က ရက်လွန်အပေါင်ပစ္စည်းအဖြစ် ပိုင်သွားပါပြီ။ လေလံဆွဲမယ့် ပစ္စည်းတွေထဲ ပါသွားပါပြီ။ ကျွန်တော် ထပ်ပြီး ဘာမှ မကူညီနိုင်တော့ပါဘူး။ တကယ်ကို တောင်းပန်ပါတယ်။"
ဆိုင်ရှေ့ဆုံးခုံမှ မန်နေဂျာသည် သူပြောနိုင်သမျှ ရှုရှီယန်အားပြောလိုက်သည်။ သူမ အရှုံးပေးရတော့မည်။
သူမ လေလံပွဲအကြောင်း စုံစမ်းလိုက်ပြီး သူမအမေ၏တယာသည် ပေကျင်း ဟောင်ရီ လေလံအဆောက်အအုံ၌ ဤနေ့နေ့လယ်တွင် လေလံတင်မည်ဖြစ်ကြောင်း သိလိုက်ရသည်။ရှုရှီယန် ထိတ်လန့်ပျာယာခတ်သွားသည်။
အိုး။ မဟုတ်ဘူး။ တယောသာ ရောင်းထွက်သွားရင် ထပ်ပြီးရှာဖို့အတွက် အခွင့်အရေးရှိတော့မှာ မဟုတ်တော့ဘူး။
ရှုရှီယန် ဘဏ်သို့ အလောတကြီးသွားလိုက်သည်။ သူမနိုင်ငံခြားတွင် နေခဲ့သည့်အချိန်အတွင်း အပ်နှံထားသော အာမခံငွေများမှ သူမထုတ်နိုင်သမျှထုတ်နေရင်းနှင့် တစ်မနက်လုံး အချိန်ကုန်သွားသည်။ ယင်ဘာအိုနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှုမှ ရသောငွေများကိုလည်း အကုန်ထုတ်လိုက်ပြီး ရသမျှငွေအားလုံးအား ကတ်တစ်ကတ်တွင်ထည့်လိုက်သည်။
သူမ၏အိတ်ထဲတွင်ရှိသော ယွမ်တစ်သိန်းနှင့် ကတ်ထဲတွင်ရှိသော ပိုက်ဆံများပေါင်းလိုက်လျှင် ယွမ်းခြောက်သိန်းထက်ပိုရှိပေသည်။ ရှုရှီယန် မျှော်လင့်ချက်အနည်းငယ်ရလာသည်။ လွန်ခဲ့သောငါးနှစ်တွင် တယောအား ယွမ်တစ်သိန်းနှင့်ပေါင်ခဲ့သည်။ သို့သော် ယခုတွင် သူမ၌ ခြောက်ဆပင်တိုးကာ ရှိနေသည်။ တယောကို သူမပြန်ရရန် သေချာသလောက်ပင်ရှိသည်။
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...