အပိုင်း (၁၁၇) သူ ထပ်ပြီး ပြန်ရပ်ကို မရပ်စေရဘူး။

370 28 0
                                    

unicode

ရှုရှီယန် ထိုသူတို့နှစ်ယောက်၏စကားများအား ကြားမိလိုက်ကာ ဤနေ့သည် ဟွာယိုရှန်၏အဖိုး အသက်၈၀ပြည့်မွေးနေ့ဖြစ်ကြောင်း သိလိုက်သည်။ ခနကြာလျှင် ဟွာယိုရှန်သည် ဟွာအိမ်တော်သို့ ပြန်သွားပေလိမ့်မည်၊ သူမတွင်လည်း မည်သည့်လုပ်စရာမျှမရှိသောကြောင့် အဖိုး၏အိမ်သို့သွားကာ သမီးဖြစ်သူဆီ သွားလည်ရန် အချိန်ထွက်လာပေမည်။ လေ့ကျင့်ခန်း ပထမအပိုင်းသည် ဟွာယိုရှန်အား သူ၏ အင်အားခွန်အားများ ဆုတ်လျော့သွားစေသည်။ ဒုတိယတစ်ဖြတ်အား လုပ်လိုက်သည့်အခါ ပို၍ပင် ချွေးများထွက်လာပေသည်။

ဟွာယိုရှန်အား စောင့်ကြည့်နေသော ရှုရှီယန်သည် တုန်နေကာ ချွေးများထွက်နေသော တန်းပေါ်မှလက်များအား ကူညီကိုင်ထားပေးလေသည်။ ဟွာယိုရှန်၏ခန္ဓာကိုယ်ထဲမှ ဆဲလ်တစ်ခုတိုင်းသည် လေ့ကျင့်ခန်းလုပ်နေစဉ် အလွန်ကြိုးကြိုးစားစား အလုပ်လုပ်ရပေသည်။ ဟွာယိုရှန်အား သူမ ကြည့်နေစဉ် စိတ်ပူလာကာ သူမ၏နှလုံးသားသည် တင်းမာတောင့်တင်းလာသည်။ သူလုပ်ဆောင်သော‌ခြေလှမ်းတစ်ခုချင်းစီတိုင်းတွင် တစ်ခုသောခြေလှမ်း လှမ်းနိုင်ရန် အင်အားဆယ်ဆမက စိုက်ထုတ်ရပေသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် သူ၏စိတ်ဝိဉာဉ်တစ်ခုလုံးအား ထိုထဲတွင်မြုပ်နှံထားသည်ကို ရှုရှီယန် တွေ့ရသည်။ နောက်ဆုံးတွင် ဒုတိယတစ်ဖြတ်ပြီးလေသည်။ လေ့ကျင့်ခန်းမှတ်တမ်းတစ်ခုတွင် ဟွာယိုရှန်၏ အခြေအနေအား ခွန်ချင် မှတ်နေသည်။ ဟွာကျင်တန် ဟွာယိုရှန် ချွေးသုတ်ခြင်းကို ကူညီပေးနေပြီးနောက် မေးလိုက်သည်။

"ပါမောက္ခချင်၊ ကျွန်တော့်ညီ ဘယ်လိုနေလဲ။"

ခွန်ချင် ရေးမှတ်ခြင်းကို ရပ်ကာ အပြုံးဖြင့်ပြောလိုက်သည်။

"မစ္စတာဟွာ၊ ယိုရှန်က တော်တော်လေး အခြေအနေကောင်းအောင်လုပ်နေတာ၊ ကျွန်တော့် မှန်းထားတာတောင် ကျော်သွားပြီ။လက်ရှိလုပ်နေတဲ့ လေ့ကျင့်ခန်းအရှိန်အတိုင်းသာ ဆက်လုပ်သွားရင် ဒီနှစ်အကုန်ပြန်လမ်းလျှောက်နိုင်မယ့် အခွင့်အရေးများတယ်။ ‌နှစ်ကုန် လေ့ကျင့်ခန်းမှတ်တမ်းပြီးရင်တော့ ဘယ်လိုဆိုတာကို သိကြရမှာပါ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now