အပိုင်း (၁၂၀) သူတို့ စည်းကျော်သွားပြီ။

565 32 0
                                    

unicode

လုချန်ချန် သူ၏လေးခွအားပြရန် လက်ဆန့်ပြလိုက်သည်။

"ဦးငယ်၊ ဒါနဲ့ ကျွန်တော်က ဌက်ပစ်မလို့လုပ်နေတာ။"

"တစ်ကောင်မှန်သွားပြီလား။"

ကလေးသည် ခေါင်းကုတ်လျက် နှုတ်ခမ်းဆူကာပြောလိုက်သည်။

"မမှန်ဘူး...."

"အဲ့တာဆိုရင် ထပ်လေ့ကျင့်ဖို့ လိုနေပြီ" ဟွာယိုရှန်ပြုံးကာပြောလိုက်သည်။

"ဟုတ်ကဲ့" လုချန်ချန်ခေါင်းငြိမ့်လိုက်သည်။

"ဦးငယ်၊ နောက်တစ်ခါ ကျွန်တော့်ကို လေးခွကြီးကြီးလေး လုပ်ပေးလို့ရ့မလား။ သားဟာက ရှောင်မင်ဟာထက်သေးနေတာ၊ ပြီးတော့ သူက သားကို လှောင်နေတာ။"

"ဟုတ်ပါပြီ၊ နောက်တစ်ခါဆို ဘေးခွတွေထဲမှာ အကြီးဆုံးတစ်ခုလုပ်ပေးမယ်၊ ဟုတ်ပြီလား။"

"ကျေးဇူးပါ ၊ ဦးငယ်" လုချန်ချန် ခုန်ဆွခုန်ဆွလုပ်ကာပြောလိုက်သည်။

အိမ်ထဲသို့ တွန်းပို့ပေးရန် ဟွာယိုရှန် ရှုရှီယန်အား တောင်းဆိုလိုက်သည်။ နံရံ၏တံခါးဘက်ခြမ်းမှ စကားပြောသံများကို ရုတ်တရက် သူတို့ကြားလိုက်သည်။

"ဒီနေ့က မွေးနေ့ပွဲတင်မဟုတ်ဘူး၊ သခင်လေးအတွက်ညကြင်ယာဖက်ရှာပြီး ဒိတ်ချိတ်ဖို့အတွက် လုပ်နေကြတယ်လို့ ငါကြားတယ်။ နင် အကောင်းဆုံးဖြစ်အောင် ပိုလုပ်ရင်ကောင်းမယ်နော်။ တကယ်လို့ သခင်လေးက နင့်ကို သတိထားမိသွားပြီး မိန်းမအနေနဲ့ယူလိုက်ရင် နင့်မိသားစုတော့ လုံးဝကို ကြီးပွားသွားမှာ။"

"အမေ၊ ဘယ်သခင်လေးအကြောင်းကို ပြော‌‌နေတာလဲ။ ဟွာယိုရှန်လား၊ ဟွာကျင်တန်လား။"

"ညည်း တုံးအနေတာလား၊ ဘာလားဘဲ။ ဟွာကျင်တန်ကိုပြောတာပေါ့။ အဲ့ဒီ့ဟွာယိုရှန်က မသန်မစွမ်းဖြစ်နေတာလေ။ သူ့ကိုလက်ထပ်လိုက်ရင် ညည်း တစ်ဘဝလုံးကောင်းကောင်းနေရမယ်ထင်လို့လား။"

"ဒါပေမယ့် သမီးကြားတာတော့ သူက ဆက်ဆံသူဖြစ်မှာဆို။"

"သူက စွမ်းဆောင်နိုင်မှုတောင်မရှိတာ၊ စိတ်မှန်တဲ့ဘယ်သူကမှ သူ့ကို ဆက်ဆံသူတစ်ယောက်ဖြစ်အောင်လုပ်မှာမဟုတ်ဘူး။ ဟွာမိသားစုကို တစ်နေနေ့တစ်ချိန်ချိန်ကျရင် ဟွာကျင်တန်က ပိုင်ကိုပိုင်လာမှာ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now