အပိုင်း(၁၉) ကောင်မလေးက ကောင်လေးကို မေ့သွားတယ် ။

1.3K 112 0
                                    

ဝှီးချဲ နှင့် ဝင်လာသောအမျိုးသားသည် အလွန်ပင် ချောမောခန့်ညားလှသည် ။ သူ၏နဖူးပေါ်တွင်ကျနေသော နူးညံ့လှမည့်ဆံပင်များသည် ထိုသူ၏ ခန့်ညားလှသော ရုပ်ရည်တစ်ဝက်အား ဖုံးကွယ်ထားသည် ။

ရှုရှီယန်၏မျက်လုံးများသည် ထိုလူ၏ ဝှီးချဲပေါ်တွင် စိုက်ကြည့်နေမိသည် ။ ထိုလူအား သူမ စူးစမ်းနေသည် ။

ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ ။

ထိုလူသည် သူမအနားသို့ ဝှီးချဲရှိ ခလုတ်တစ်ခုအားသုံးကာ ဖြေးဖြေးချင်း နီးကပ်လာသည် ။ ရှုရှီယန် ချက်ချင်းပင် နေရထိုင်ရခက်သွားကာ သူမကိုယ်အား လုံခြုံစေရန် အနီးရှိစောင်အားဆွဲခြုံလိုက်သည် ။ သူမ သတိအနေအထားဖြင့် တောင့်တောင့်ကြီး ထိုင်နေကာ မေးလိုက်သည် ။

“ဘယ်၊ ဘယ်သူလဲ။”

“မင်း ငါဘယ်သူဆိုတာ မမှတ်မိဘူးလား။”

အေးစက်လှသော အသံအားကြားသည့်အခါ ရှုရှီယန် ထိုလူအား သူမ၏မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည် ။

ထိုလူသည် မျက်နှာကို အပေါ်မော့လိုက်ကာ နက်ရှိုင်းသော မျက်လုံးအစုံအား ဖုံးကွယ်နေသော ဆံပင်များအားဖယ်လိုက်သည် ။

သူ့အားမှတ်မိ‌စေရန် ခန္ဓာကိုယ်ကို ခေါင်းစခြေဆုံးကြည့်ခွင့်ပြုပြီးနောက် ထိုသူ၏ပါးလွှာသော နှုတ်ခမ်းတစ်စုံသည် ကြင်နာနူးညံ့မှုအသွင်ဆောင်သောအကွေးလေးဖြင့် ပြုံးလိုက်သည် ။

ဘုရားရေ ။
သူက အရမ်းချောတာဘဲ ။

သူမရှေ့မှ ထိုလူသည် မိန်းမတစ်ယောက်ထက်ပင် ပို၍ကြည့်ကောင်းနေသည် ။

ငါတို့ မိန်းမတွေကို ကိုယ်ကို့ကိုယုံကြည်မှုရှိစေဖို့
အလှလေး နည်းနည်းလောက် ချန်ပေးလို့မရဘူးလား ကောင်လေးရယ် ။

“*မင်း...”"

ရှုရှီယန်၏ လှပသောမျက်လုံးများသည် အံ့အားသင့်မှုကြောင့်ပင် ပြူးကျယ်သွားသည် ။ ထိုသူအား တခနတာကြည့်ပြီးနောက်  သူမ တိုးတိုးလေးပြောလိုက်သည် ။

“မဖြစ်နိုင်တာ ။ ဟိုရုပ်ရှင်မင်းသားနဲ့ ဘာလို့အရမ်းတူနေရတာလဲ ။ ဟို...ဘယ်သူပါလိမ့်။”

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now