အပိုင်း (၁၃၁) လေးနှစ်ကလေးတစ်ယောက်ရဲ့ လှည့်စားမှုခံလိုက်ရပြီ။

464 18 0
                                    

unicode

လုံခြုံရေးဝန်ထမ်းသည် ကတ်အား လှည့်ကြည့်လိုက်ကာ ကတ်၏အနောက်တွင် ဟွာဟုသောစကားလုံးအား တွေ့လိုက်သည်။ အလွန်အရေးပါသောလူတစ်ယောက်အားတွေ့လိုက်ရသကဲ့သို့ ချက်ချင်း အရိုအသေပြုလိုက်ကာ သူတို့အား ရိုရိုသေသေပင် ဖြတ်သန့်ခွင့်ပြုလိုက်သည်။ ရှုရှီယန် ကတ်ကိုပြန်ယူပြီးနောက် ထိုနေရာထဲသို့ မောင်းဝင်လိုက်သည်။ လုံခြုံရေးဝန်ထမ်းနှင့် ရှုရှီယန်ဆက်ဆံသည့်ပုံစံအပေါ် ဖန်ရှောင်ချန် အံ့အားသင့်အထင်ကြီးနေသည်။

"ဝိုး။ ယန်ယန်ရေ၊ နင့်အနားကိုတော့ ငါ ပိုပြီးပူကပ်နေတော့မယ်။"

"ကိစ္စမရှိ့ပါဘူး။ ငါ အမြဲတမ်း နင့်ကိုရှာတယ်ဆိုတာ နက်သိပါတယ်။"

တိုက်ခန်းအောက်မှကားပါကင်နေရာတွင် ရှုရှီယန် ကားပါကင်ထိုးလိုက်သည်။ ယင်ဘာအိုနှင့် အတူကားထဲမှ သူတို့ထွက်လာကြသည်။ လက်ထဲတွင် ဝယ်ခြမ်းလာခဲ့သော အိတ်များအပြည့်နှင့် အခန်းနံပါတ်၁၀၂ဆီသို့ လမ်းလျှောက်သွားကြသည်။ တံခါးပွင့်သည့်အချိနန် ဖန်ရှောင်ချန် သူမ မြင်နေရသည့်အရာများကြောင့် ရှော့ရသွားပေသည်။

"ဝိုးးးးးးးးး။ ဒီလိုအိမ်ကြီးထဲမှာ နင်တစ်ယောက်တည်း နေတာလား။ ဒီအိမ်ကအရမ်းလှတာဘဲ။ ဒါက တကယ့်ကို ငါ့စိတ်ကူးထဲက အိမ်အတိုင်းဘဲ။"

ဖန်ရှောင်ချန် ဖိနပ်လဲကာ အိမ်ထဲဝင်၍ ကျယ်ဝန်းလှသောအိမ်ပတ်ပတ်လည်အား အံ့အားသင့်စွာနှင့်ပင် ကြည့်နေသည်။

"ယန်ယန်၊ ဒီလိုအိမ်ကြီး တစ်အိမ်အတွက် တစ်လစာငုားခက ဘယ်လောက်လဲ။"

"ငါမသိ့ဘူး။ အဲ့ဒါက...အဲ့ဒါက ငါ့အဖိုးရှာပေးထားတာ... ဒီအိမ်ကို...ငါ့အတွက်"

ဟွာယိုရှန်သည် သူမအတွက် ဤအိမ်အား အခမဲ့ထောက်ပံ့ပေးထားသည်ဟုပြောခြင်းသည် ကောင်းသောအကြံမဟုတ်ပေလိမ့်မည်။ သူမ၏အဖိုးအား အကြောင်းပြချက်တစ်ခုအနေဖြင့်သာ သုံးနိုင်သည်။ ကျင်မိသားစုသည် အလွန်အဆင်ပြေကြောင်းကို ဖန်ရှောင်ချန် သိ့သည်။ ထို့ကြောင့်ပင် ကျင်မိသားစုသည် သူတို့၏မြေးဖြစ်သူအား ဤသို့သောနေရာတွင်နေရန် ထောက်ပံ့ပေးထားသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ဖန်ရှာင်ချန် ယုံသည်။ ယင်ဘာအို ပထမဆုံးလုပ်သည့်အရာသည် အိမ်အားပတ်လည် စက်ဝိုင်းပုံစံပြေးနေခြင်းဖြစ်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now