အပိုင်း (၁၃၃) သူတို့ကြောက်အောင်လုပ်တယ်။

317 22 0
                                    

unicode

" တစ်ယောက်တည်း ကလေးကို ပြုစုရမှာ ရှီဘေဘီအတွက် အရမ်းပင်ပန်းမှာဘဲ။ နေ့ကောညကော အလုပ်လုပ်နေရတယ်၊ ပြီးရင် သမီးလို အရွာ်မရောက်သေးတဲ့ကလေးတစ်ယောက်ကို စောင့်ရှောက်နေရသေးတယ်။ ဟင်း...... ဘယ်အချိန်မှ ကလေးလေးက အကောင်းဆုံးအဖေကို ဝယ်နိုင်မှာလဲ။ အဖေတစ်ယောက်နဲ့သာဆို ရှီဘေဘီ ထပ်ပြီး ခက်ခက်ခဲခဲလုပ်စရာမလိုတော့ဘူး။"

ထိုကလေးငယ်လေး၏စကားများ နားထောင်ပြီးနောက် ရင်ထဲတွင် ဝမ်ဒါချီနှင့် ဖန်ရှောင်ချန်တို့၏ နှလုံးသားများ အရည်ပျော်ကျသွားသည်။

ကလေးရယ်၊ ထပ်ပြီး ရင့်ကျက်လို့ရနိုင်သေးလား။

ယင်ဘာအို၏စကားများ နားထောင်ပြီးနောက် ရှုရှီယန် နှာစေးလာသလို စတင်ခံစားရသည်။ သူမ၏သမီးသည် စိတ်ထိခိုက်လွယ်ကာ အရွယ်နှငိ့မလိုက်သောကလေးတစ်ယောက်ဖြစ်ကြောင်း သူမ သိသည်။ သို့သော် သူမအား အရွယ်ရောက်လူတစ်ယောက်၏ ဝန်ထုပ်ဝန်ပိုးများ စောစီးစွာ မခံစားစေချင်ပေ။ ယင်ဘာအိုအား ပွေ့ဖက်လိုက်ကာ သူမ၏ခေါင်းလေးအား ပွတ်သပ်ပေး နေသည်။

"အိုး၊ မေမေ့ရဲ့ကလေးငယ်လေး၊ ဘာလို့ အရမ်းစဉ်းစားတတ်ရတာလဲ။ သမီးက အရမ်း ရင့်ကျက်နေလို့ကို ရှီဘေဘီက သမီးအတွက် အလုပ်ကြိုးကြိုးစားစား လုပ်ချင်စိတ်ကိုရှိတာ။"

ရှုရှီယန် ယင်ဘာအိုအားဖက်လိုက်ကာ သူမ၏ခေါင်းဖြင့် သမီးဖြစ်သူ၏ခေါင်းအား ပွတ်ပေးနေသည်။ သူမ၏နှလုံးသားသည် သမီးအား ကျေးဇူးတင်ခြင်းများနှင့် ပြည့်တေသည်။ သူမအား ဤသို့ ယဉ်ကျေးချိုသာသော နတ်သမီးအငယ်လေးအား ပေးသောကြောင့် ဘုရားအား ကျေးဇူးတင်နေသည်။ ယင်ဘာအိုသည် သူမ၏အဖေဖြစ်သူအတိုင်း အရမ်းပက်ဂရုစိုက်ကာ တွေးတတ်ကြောင်း ရှုရှီယန် သိလိုက်သည်။ အမေနှင့် သမီး၊ သူတို့၏ ရင်းနှီးနွေးထွေးသော အခိုက်အတန့်လေးအား ဖန်ရှောင်ချန်ကြည့်နေကာ ဝမ်ဒါချီအား ပြောလိုက်သည်။

"တွေ့လား၊ ဒါချီ။ ငါတို့လည်း အနာဂတ်မှာ သမီးတစိယောက် ရှိကိုရှိ့ရမယ်။ သမီးတွေကသာ ပိုပြီး သိတတ်တာ၊ ရင်းရင်းနှီးနှီးရှိတာ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now