အပိုင်း (၁၃၆) ရတနာလေးကို တွေ့ပြီးပြီ။

681 32 1
                                    

unicode

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ဖန်ရှောင်ချန်နှင့် ယင်ဘာအိုသည် ပင်လယ်ဓားပြစီးရန် တန်းစီစောင့်နေသည်။ တိုက်ဆိုင်စွာပင် ယင်ဘာအိုသည် တန်ဖိန်မို၏ဘေးတွင် နေရာရသည်။ ကလေးနှစ်ယောက်စလုံး စိတ်လှုပ်ရှားနေကြသည်။ ရပင်လယ်ဓားပြစထွက်တော့မည့်အချိန် မက်စ်လွှင့်သွားမည်ဟု ယင်ဘာအို တွေးမိလိုက်သောကြောင့် ဖန်ရှောင်ချန်အားမေးလိုက်သည်။

"မေမေလိမ္မော်သီး၊ သမီး မက်စ်ချွတ်လို့ရ့လား။"

"ရတာပေါ့။"

ဖန်ရှောင်ချန် သူမ၏မက်စ်အား ကူချွတ်ပေးလိုက်သည်။ စီးလျှင် မှောင်နေမည်ဖြစ်သောကြောင့် တခြားလူများ ယင်ဘာအိုအား မှတ်မိသွားမည်ကို စိတ်ပူစရာမလိုပေ။ အပေါ်မှ သက်တန့်ရောင်အလင်းများအား ကြည့်ရန် ယင်ဘာအို မော့လိုက်ချိန် သူမ၏ ဦးထုပ်ကျွတ်ကြသွားသည်။

"ငါ့ဦးထုပ် ဘယ်ကျသွားတာလဲ။"

ယင်ဘာအို ခေါင်းအား စမ်းကြည့်ကာ ပြောလိုက်သည်။

ဦးထုပ်သည် တန်ဖိန်မို၏ဘက်သို့ကျသွားကာ သူ ကောက်ယူလိုက်သည်။

"ဒီမှာ၊ မင်းရဲ့ ဦးထုပ်။"

ယင်ဘာအိုအား လှမ်းပေးကာ ပြောလိုက်သည်။

ယင်ဘာအို လှည့်ကြည့်လိုက်ချိန် သူမထက် အနည်းငယ် အသက်ကြီးသော ကောင်လေးတစ်ယောက်သည် သူမ၏ဦးထုပ်အား ကူကောက်ပေးသည်ကို တွေ့လိုက်သည်။

"အဲ့ဒါ ငါ့ဦးထုပ်ဘဲ။ ကျေးဇူးပါ။" သူမ ပြောလိုက်သည်။

"ရပါ...."

ကလေးမလေးသည် မည်သူဖြစ်ကြောင်းသိလိုက်ချိန် တန်ဖိန်မို သူ၏စကားအား ဆက်မပြောနိုင်ပေ။

ဟေး၊ ဒါက ချယ်ရီဘေဘီမဟုတ်ဘူလား။

ဒါ သူဘဲ၊ ဟုတ်ပါတယ်။

သူပြုံးလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေးတွေ။ ဒါက သူမှ သူဘဲ။

သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါ အပတ်တိုင်းကြည့်တာ။ ဒါက သူပါဘဲ။

ပင်လယ်ဓားပြစထွက်တော့မည့်အချိန်အားစောင့်လျက် ယင်ဘာအို ပျော်ရွှင်နေကာ သူမ၏ခြေထောက်များ လှုပ်ရမ်းနေသည်။ တန်ဖိန်မိုသည် သူမအား ဆက်ကာ စိုက်ကြည့်နေသည်။ သင်္ဘောစမထွက်သေးပေ၊ သို့သော် သူ၏ရတနာအား တွေ့ပြီးလေပြီဖြစ်သည်။ သင်္ဘောသည် လှိုဏ်ခေါင်းထဲသို့ စတင်ဝင်သွားသည်။ မျိုးစုံသောကြောက်စရာ အခြေအနေများတွင် ယင်ဘာအိုသည် ဖန်ရှောင်ချန်၏တီရှပ်နှင့် တန်ဖိန်မို၏ အင်္ကျီလက်တို့အား ဆွဲကိုင်ထားကာ အော်ဟစ်အကူညီတောင်းနေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now