အပိုင်း(၈)ဘယ်လိုတောင်မျက်နှာပြောင်တိုက်တဲ့လူရှုတ်လူပွေလဲ

1.6K 140 0
                                    

unicode ver -

သူမ နိုင်ငံခြားသို့ ထွက်ခွာရန် စီစဉ်ထားခဲ့သည် ။

အရင်ကတည်းကပင် နိုင်ငံခြားသို့ထွက်ရန် စာရွက်စာတမ်းများ ၊ လုပ်ဆောင်ချက်များ အကုန် အပြီးသတ်ပြီးဖြစ်သည် ။ သို့သော် ချုယုဟီနှင့် ချစ်သူဖြစ်သည့်နောက်တွင် ထိုသူအတွက် ဤအစီစဉ်များအား မေ့မေ့လျော့လျော့ပင်နေခဲ့သည် ။

သို့သော် အခုများဖြင့် ။

သူမ အဖြေရှာခဲ့သည် ။ နိုင်ငံခြားသို့ထွက်ခြင်းသည် သူမအတွက် အကောင်းဆုံးအစီအစဉ်ပင် ။

ပေကျင်းမှထွက်သွားသည်နှင့် အနည်းဆုံး ရှုဂျင်ရှန်၏ မတော်မတရား ရိုက်နှက်မှုကို ရှောင်ရှားနိုင်သည်သာမက ဆူရူအီနှင့် ရှုရှင်းရိုတို့၏ နိုင့်ထက်စီးနင်း နှိပ်စက်မှုကိုပါ ရှောင်ဖယ်နိုင်မည်ဖြစ်သည် ။

ရှုမိသားစုမှ ထွက်လာသည်နှင့် ရှုရှီယန် ၊ ချုယုဟီထံမှ တွေ့ဆုံကြမည့် အ‌ကြောင်း ဖုန်းလက်ခံရရှိသည် ။

ရှုရှီယန် စိတ်ထဲတွင် လှောင်ကာပြုံးလိုက်သည် ။ ထိူသူသည် သူမနှင့်လမ်းခွဲရန် စိတ်အားထက်သန်‌နေပေလိမ့်မည် ။

တွေ့ဆုံရန်ချိန်းထားသော ကော်ဖီဆိုင်သို့ ရှုရှီယန်ရောက်သောအခါ အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသော ချုယုဟီအားတွေ့ရလေသည် ။

အတိတ်အချိန်များတွင် ထိုသူ၏ ချောပေ့လှပေ့ရှိသောမျက်နှာသည် သူမအား 'တစ်ကမ္ဘာလုံး၌အချောမောဆုံးယောင်္ကျား' ဟုပင် ထင်နိုင်စွမ်းပေးခဲ့ဖူး‌လေသည် ။ သို့သော် ယခုများတွင် ထိုသူ၏ မျက်နှာအားကြည့်ရုံနှင့်ပင် ယုတ်မာပွေရှုပ်သော လူတစ်ယောက် အနေနှင့်သာမြင်ပေသည် ။

သူသည် ရှုရှင်းရိုနှင့် မကြာခင်တုန်းကပင် တွဲသွားတွဲလာလုပ်ကာ ဖြစ်ပျက်ခဲ့သူပင် ။ ယခု သူမ၏အရှေ့တွင် ကြင်နာယုယသောချစ်သူအနေနနှင့် ဟန်ဆောင်ကာထိုင်နေနိုင်သေးသည် ။

"ဆိုတော့ ဘာကိစ္စနဲ့ ငါ့ကိုတွေ့ချင်တာလဲ။"

ရှုရှီယန် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now