အပိုင်း (၁၀၄) ယုတ်မာသော အဖေတစ်ယောက်။

642 47 5
                                    

unicode

ဟွာယိုရှန်၏အဖြေအား ရှုရှီယန် စောင့်နေသည်၊ သို့သော် ထိုအစား ဟွာယိုရှန်သည် သူမအား ဂျက်ကပ်တစ်ထည်ကမ်းပေးကာ ပြောလိုက်သည်။

"ဒါကိုဝတ်လိုက်ပါ၊ ဒီမှာ အေးနေတာဘဲ။"

ငါ ဘာလုပ်နေတာလဲ။

ဟွာယိုရှန်၊ သူ၏မျက်နှာကို သူကိုယ်တိုင် လက်သီးဖြင့်ထိုးနေသကဲ့သို့ ခံစားနေရသည်။

မင်းကြိုက်နေတဲ့မိန်းကလေးက မင်း သူ့ကို ကြိုက်လား၊ မကြိုက်လားမေးနေတာကို၊ ဘာကိစ္စ မဖြေနိုင်ရတာလဲ။

"ဟုတ်တယ်" လို့ ဖြေရမှာ ခက်နေတာလား။

ဟွာယိုရှန် နောင်တထဲတွင် နှစ်မြုပ်နေပေသည်။

ရှုရှီယန်အား တစ်ယောက်ယောက်သည် သူမ၏ရင်ထဲဖြစ်နေသော အပူအား ငြိမ်းစေရန် ရေပုံးအပြည့်ဖြင့် ပတ်လိုက်သကဲ့သို့ပင်။

သူပြောတဲ့ပုံစံက.... အဲတော့ သူက ငါ့ကို တကယ် မကြိုက်ဘူးပေါ့၊ ဟမ်။

တွေ့လား၊ ဟုတ်တာပေါ့၊ ဟွာယိုရှန်က ငါ့ကို ဘယ်သောအခါကမှ ကြိုက်ခဲ့ပါဘူး။ မဖြစ်နိုင်တာကြီးကို။

တခနတာ တိတ်ဆိတ်သွားပြီးနောက် ရှုရှီယန် နောက်ဆုံးတွင် ချင့်ချိန်စဉ်းစားမိသည်။

ငါ့အထင် သူက သူရဲ့အခြေအနေကို စိုးရိမ်နေပြီး အဲ့ဒီစိုးရိမ်မှုကဘဲ သူ့ကို သိမ်ငယ်စေတာနေမယ်။

သူက တကယ်တမ်း ငါ့ကို ကြိုက်တာပါ၊ ဒါမှမဟုတ်ရင် ဘာလို့ ငါ့ကို ဆက်ပြီးကူညီနေမှာလဲ။

အဲ့ဒီအကြောင်းအတွက်နဲ့ ငါ့ကို ရှောင်နေရင် အဲ့တာဆိုရင်တော့ ငါ အရင် လမ်း‌ခင်းပေးမှရမှာဘဲ။

ရှုရှီယန် အိပ်ယာထဲမှထလာကာ ဟွာယိုရှန်
၏အရှေ့သို့ ရပ်လိုက်သည်။ ဟွာယိုရှန်အား လှည့်မေးလိုက်သည်။

"မစ္စတာဟွာ၊ ကျွန်မကို တစ်ချက်လောက်ကြည့်ကြည့်ပါအုန်း။ ဘာမှ မခံစားရဘူးလား။"

"...."

ဟွာယိုရှန်၏ အတွင်းသည် ပို၍ ပူသထက်ပူလာကာ သူအား အသက်ရှုပင်ခက်ခဲစေငည်အထိ ပူလာလေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now