အပိုင်း(၂၆) အဲ့မိန်းကလေးက ဘယ်ကရောက်လာတာလဲ။

1.3K 102 0
                                    

ရီရှောင်ကိုယ်တိုင်ပင် သခင်လေးနေသည့် နေရာသို့ ဝင်ရောက်ရန်မှာ ခဲယဉ်းလှသည်။ သို့သော် သခင်လေးသည် မိန်းကလေးသူခိုးအား သူ၏နေရာသို့ ကိုယ်တိုင်ခေါ်ဆောင်သွားသည်။ ထိုအရာအား ယုံကြည်ရန်မှာ မည့်သည့်အကြောင်းနှင့်မျှပင် မဖြစ်နိုင်ပေ။

ထိုသတင်းများ နောက်မှ အမှန်တရားအား ‌ရှာဖွေနေမှုအား အဆုံးသတ်နေသည့်အချိန်တွင် သခင်လေးသည် သူ၏အိမ်မှ အမျိုးသမီးတစ်ယောက်နှင့် တွဲလျက်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရီရှောင် ပါးစပ်ဟလျက်ပင် ထိုသူအား ငေးနေသည်။

ဘုရားရေ။ တကယ်ကြီးလား။
သ...၊သ..ခင်လေးက မိန်းကလေးတစ်ယောက်နဲ့။

နေပါအုန်း။ အဲ့ မိန်းကလေးကို သိနေသလိုဘဲ။

ရှုရှီယန်။
ဟမ်။ ရှုရှီယန်လား။

သခင်လေးတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကြောင့် ရှုရှီယန်၏ နောက်ခံအခြေအနေနှင့် ရှုမိသားစုအား ရီရှောင် လုံးဝပင် သတိထားမိ‌သည်။ တစ်ခနတာကြည့်လိုက်ရုံနှင့်ပင် ရှုရှီယန်အား ရီရှောင်မှတ်မိနေပေသည်။ ထိုမြင်ကွင်းကြောင့်ပင် ဆွံ့အသွားလေသည်။

သူမက ဘယ်ကနေရောက်လာတာလဲ။

JSအဖွဲ့အစည်းတစ်ခုလုံး၏ အားဖြင့်ပင် ထိုမိန်းကလေးအား သခင်လေးရှာမတွေ့ခဲ့ပေ။

ကြမ်းတမ်းခက်ခဲခဲ့သည့် ငါးနှစ်ပင်။

တကယ်ဘဲ သခင်လေးဆီပြန်လာဖို့အထိကို သူမ ဘာတွေဖြစ်ပျက်ခဲ့တာ ဖြစ်လိမ့်မလဲ။

သူမက သူခိုးလို့တော့ မပြောနဲ့။

ဟွာယိုရှန်နှင့် ရှုရှီယန် ကားဆီသို့ လျှောက်လာသည်ကို သတိထားမိသောအခါ ရီရှောင် ချက်ချင်းပင် ကားမှထွက်၍ အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။

"သခင်လေး။"

"ရီရှောင်၊ မိန်းကလေးရှုကို သူမအိမ် ပြန်လိုက်ပို့လိုက်ပါ။"

သူမက တကယ့်ကို ရှုရှီယန်ဘဲ။ ဘုရား မပေသည်လို့သာပင်။ သခင်လေးသည် သူ၏မိန်းကလေးအားပြန်တွေ့လေသည်။

"အဆင်သင့်ပါဘဲ။"
ရှုရှီယန်အား တံခါးဖွင့်‌ပေးလျက် ရီရှောင်ပြန်ဖြေလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now