အပိုင်း(၁၁)ဟမ်...သူ့မှာကလေးရှိတယ်?

1.7K 139 0
                                    

unicode

သားအမိနှစ်ယောက် လေဆိပ်အပြင်ဘက်တွင် တစ်ခနကြာ ရပ်စောင့်ပြီးနောက် ရှုရှီယန်၏ မိန်းကလေး သူငယ်ချင်းဖြစ်သူ ဖန်ရှောင်ချန်သည် ရှုရှီယန်တို့ သားအမိနှစ်ယောက်အား ထရပ်ကားဟောင်းတစ်စီးဖြင့် လာကြိုသည် ။ သူမသည် ရှုရှီယန်အား တွေ့ဆုံရန် ချိန်းဆိုထားသည့်နေရာတွင် ရှာဖွေနေသည် ။ သို့သော် သူမ၏ ရှေ့တွင် မျက်နှာချင်းဆိုင် တွေ့ဆုံနေရပါသော်လည်း ရှုရှီယန်အား သူမ မမှတ်မိပေ ။

နောက်ဆုံးတွင် ရှုရှီယန်သည် သူမအား စတင်ခေါ်ကာပြောရသည် ။

“လိမ္မော်သီးလေး ငါခုနလေးတင်ရောက်တာဘဲ ။ နင့်ရှေ့ရောက်နေတာ ကြာလှပြီ။”

ဖန်ရှောင်ချန် သူမ၏ရှေ့၌ အလွန်ချောမောကြည်လင်သော မျက်နှာရှိသည့် သူစိမ်းအမျိုးသမီး တစ်ယောက်၏မျက်နှာအား ကြည့်နေမိသည် ။ ထိုအမျိုးသမီး၏ မျက်နှာသည် လူအများကြား ထင်ထင်ရှားရှားပင် သိသာနေသည် ။ သူမ၏ရှေ့မှ သူစိမ်းအမျိုးသမီးသည် မည်သူမည်ဝါ ဖြစ်ကြောင်းသိလိုက်ရသည့်အခါတွင် လွန်စွာအံ့ဩရုံသာမက မျက်ရည်များပင်ကျကာ ချုံးပွဲချငိုမိလေတော့သည် ။

“နင် ယန်ယန် ..နင်....နင် ထွက်သွားတာ ငါးနှစ်တောင်ရှိပြီဟဲ့ ။ တော်တော်ရက်စက်တဲ့မိန်းမ ။ အဲဒီ့မှာ ကိုယ်တော်ချောတွေ တော်တော်များနေလို့ ပြန်မလာနိုင်အောင် ဖြစ်နေတာလား ဟမ်... ငါ... ငါ့ကိုကော  နင့်ရဲ့သူငယ်ချင်း ၊ ဒီကောင်မကြီးကိုကော တွေးမိသေးရဲ့လား ။ နင် တော်တော်ရက်စက်တယ်ဟာ ။”

ဟုတ်ပါတယ် ။ အဲ့ဒါ ရှုရှီယန်ပါ ။
သူမ၏မျက်နှာပေါ်မှ လက်ရာပြောင်မြောက်ကောင်းမွန်သော မိတ်ကပ်များ ရှိသော်လည်း ၊ ဖန်ရှောင်ချန် သူမအား မမှတ်မိသော်လည်း ၊ သူမ၏ အိတ်မှတွဲလောင်းကျနေသော ဝက်ဝံသော့ချိတ်တွဲလေးသည် ရှုရှီယန် ဟုပြောပြနေသယောင် ။ ထိုသော့ချိတ်တွဲလေးသည် ရှုရှီယန်အား ဖန်ရှောင်ချန်မှ မွေးနေ့လက်ဆောင်အဖြစ်ပေးထားခြင်းဖြစ်သည် ။ ရှုရှီယန်သည် ထိုအရာလေးအား ယခုချိန်အထိတိုင်အောင်ပင် ချိတ်စွဲအသုံးပြုကာ ထိန်းသိမ်းထားခြင်းပေ ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now