unicode
ဟွာယိုရှန် သူမ၏နဖူးအား နမ်းကာပြုလိုက်တော့မည့်အချိန် ရှုရှီယန်သည် သူ၏နှလုံးခုန်သံအားနားထောင်ခြင်းမှ နောက်ဆုတ်ခွာလိုက်ကာ သူ၏ပေါင်ပေါ်မှခုန်ဆင်းလိုက်သည်။
"အိုး၊ ကျွန်မတောင်းပန်ပါတယ်၊ ရှင့်ရဲ့ခြေထောက် အဆင်ပြေရဲ့လား။"
"အဆင်ပြေပါတယ်။" ဟွာယိုရှန် ပြန်ဖြေလိုက်သည်။
သူ့အား သူမ ဖမ်းမိသွားသည်ဟု သူထင်နေသည်။
"တော်သေးတာပေါ့"
ရှုရှီယန်၏အစာအိမ် စတင် အသံမျိုးစုံထွက်လာပေသည်။ သူမ ထမင်းစားခန်းထဲသို့ ညွှန်ပြကာ ပြောလိုက်သည်။
"ကျွန်မ တအားဗိုက်ဆာနေပြီ၊ စားရအောင်။"
အာ၊ ဘာမှ မကျန်တော့ဘူး...
"ကိုယ်တောင်းပန်ပါတယ်၊။အမငယ်က မင်းလုပ်ထားတာ အကုန်စားလိုက်ပြီ။ ဒီမှာ ခနစောင့်၊ တစ်ခုခု ချက်ပေးမယ်။"
ဟွာယိုရှန် တောင်းတောင်းပန်ပန်ပင် အားနာစွာပြောလိုက်သည်။
"ကျွန်မလုပ်ပေးပါမယ်။"
"ရတယ်၊ မင်း အတော်လုပ်ထားပြီးပြီလေ။ ကိုယ်ဘဲ ညစာပြင်လိုက်မယ်။"
ဟွာယိုရှန် ဝှီးချဲအား လှည့်လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ ဟွာယိုရှန်ထွက်သွားလိုက်ချိန် သူ၏ ကျယ်ပြောသောပုခုံးအား သူမ စိုက်ကြည့်နေပြီးနောက် သူ၏နောက်သို့ ပြေးလိုက်သွားသည်။
"အတူတူလုပ်ရအောင်။"
"ကောင်းတာဘဲ။"
နှစ်ယောက်စလုံး အစားအသောက် စတင်ပြင်ဆင်နေကြသည်။ ပါဝင်ပစ္စည်းများ၊ အစားအသောက်များ ပိုပိုလျှံ ဝယ်လာသောကြောင့် သူတို့ကံကောင်းလှပေသည်။ နာရီဝက်ကြာပြီးနောက် ဟွာယိုရှန် ထမင်းနှင့်ဟင်းများပြင်ဆင်နေစဉ် ရှုရှီယန်သည် ခေါက်ဆွဲပြုတ်တစ်ပန်းကန်ချက်ပြီးနေပြီဖြစ်သည်။ ထမင်းစားပွဲပေါ်တွင် ရှုပ်ယှက်ခတ်နေသည်။ နှစ်ယောက်စလုံး ဧည့်ခန်းထဲသို့သွားလိုက်ကာ ဟွာယိုရှန်၏ရှေ့တွင် ခေါက်ဆွဲပြုတ်တစ်ပန်းကန် ရှုရှီယန် ချပေးလိုက်သည်။
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...