အပိုင်း(၁၅) အခုထိ အာဃာတတွေနဲ့ဘဲ ။

1.3K 106 0
                                    

unicode

ချုယုဟီ သည် သူ၏ ကုမ္ပဏီ ညစာစားပွဲ တွင် ဖုန်းလက်ခံစကားပြောရန် အပြင်ထွက်လာခဲ့သည် ။ စကားပြောခြင်းကို အဆုံးသတ်ပြီးနောက် လှည့်လိုက်သည့်အချိန်တွင် ရင်းနှီးသောမျက်နှာတစ်ခုကို ရိပ်ကနဲမြင်လိုက်သည် ။ ကော်ရစ်ဒါတစ်လျှောက်မှ မီးအလင်းများသည် အနည်းငယ်ပင် မှိန်ဖျော့နေသည် ။ ထို့ကြောင့် သေသေချာချာ မမြင်လိုက်ရ၍ မရေမရာပင် ။

“ယန်ယန် နင်များလား။”

ရှုရှီယန် ရပ်ကာ သူမနှင့် မဝေးသောနေရာ၌ ရပ်နေသော အမျိုးသားအားကြည့်လိုက်သည် ။ သူမ အမြင်အာရုံများ ဝေဝါးလျက်ရှိသည် ။ မည်သူဖြစ်ကြောင်းသိသည့်အခါ သူမ၏ မျက်လုံးထဲတွင် နာကျည်းမုန်းတီးမှုများ အပြည့်ပင် ။ အတိတ်မှ ရွံစရာကောင်းသော ဖြစ်ရပ်များအား ပြန်လည်သတိရလာခဲ့သည် ။

လွန်ခဲ့သောငါးနှစ် ညစာစားပွဲတစ်ခုတွင် ၊ လူနှစ်ယောက်သည် ပူးပေါင်းကာ သူမအား ဆေးခတ်ခဲ့သည်သာမက ကုမ္ပဏီရင်းနှီးမြုပ်နှံမှု အတွက် သူမအား ရင်းနှီးမြုပ်နှံသူ နှင့် လဲလှယ်ခဲ့ကြသည် ။ သူမအား အမှိုက်တစ်ခုကဲ့သို့ပင် စွန့်ပစ်ခဲ့ကြသည် ။ ထပ်ပြီး သူမဘဝအား အရှက်ရစေရန် ယုတ်မာခဲ့ကြသည် ။

ထိုညမှာပင် ရှုရှီယန်၏ အသည်းများ အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရသည် ။ သူမ၏အယုံကြည်ဆုံး လူသားနှစ်ယောက်သည် သူမအား သစ္စာဖောက်ကာ ရက်စက်ခဲ့ကြသည် ။ ဓားနှင့်ထိုးသော နာကျင်မှုထက် ပို၍ဆိုးရွားသောနာကျင်မှုများစွာ ခံစားခဲ့ရသည် ။

အခုချိန်ထိပင် သူမ၏ရင်ထဲ၌ အာဃာတတရားများ ကိန်းဝပ်နေသေးသည် ။

သူမ ခံစားခဲ့ရသော နာကျင်မှုထက် နှစ်ဆ ၊ သူမခံစားခဲ့ရသော အရှက်ကွဲမှု၏ နှစ်ဆ ၊ ထိုလူများအားလုံးခံစားရစေမည် ။ တစ်နည်းဆိုလျှင် ထိုအရှက်မရှိသောလူများအတွက် ဤသည်မှာ နည်းသည်ပင် ။

ငါးနှစ်ပင် ကြာခဲ့လေပြီ ။ ချုယုဟီ သည်လည်း ပြောင်းလဲကာ သူဌေးရာထူးနှင့်ပင် ဖြစ်နေ‌ချေသည် ။ သေသပ်စွာ ချုပ်လုပ်ထားသော အနက်ရောင်အနောက်တိုင်းဝတ်စုံ နှင့် ပုံသွင်းထားသောဆံပင် ၊ တကယ့် နာမည်ကြီးတံဆိပ်များဖြင့် သူ၏ခန္ဓာကိုယ်အား ဆင်ယင်ထားသည် ။ တခြားသောသူများ သူ့အား သူဌေးတစ်ယောက်ဟု သိစေရန်ဟူသော ရည်ရွယ်ချက်နှင့်ပေ ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now