အပိုင်း(၄၈) မလုပ်ရင် အကောင်းဆုံးလို့ ငါထင်တယ်။

889 69 0
                                    

ဟွာယိုရှန်သည် ဝှီးချဲပေါ်တွင် ရှိနေကာ သူ၏ မလှုပ်ရှားနိုင်မှုသည် လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှုအား ဖြစ်ပေါ်စေသည်။ သူမအား သူဘာမျှမလုပ်နိုင်ပေ။

ထိုသူသည် ဆုများစွာပိုင်ရှင်ဖြစ်သည့်အပြင် ဥဣဌဖြစ်သော်လည်း ထို အဆင့်အတန်းမရှိသူများကဲ့သို့ မပြုမှုပေ။ သူ၏စိတ်ပူမှုသည် ဖန်ရှောင်ချန် သူမအပေါ်စိတ်ပူသော သူငယ်ချင်းတစ်ယောက်၏စိတ်ပူမှုကဲ့သို့ပင် ဖြစ်သည်။

ဟွာယိုရှန်ကဲ့သို့သော စိတ်ရင်းမှန်သည့် ယောင်္ကျားတစ်ယောက်နှင့် အတူရှိနေသည့်အချိန်တွင် လုံခြုံမှုနှင့် သက်သောင့်သပ်သာရှိမှုအား ရှုရှီယန် ခံစားရသည်။

ဟွာယိုရှန်သည် သူမအားဆေးခတ်မည့် လူစားမဟုတ်ကြောင်းသူမ ပြောနေသည့်အချိန်တွင် ဟွာယိုရှန် ဝမ်းသာပျော်ရွှင်သွားသည်။ ဤအဓိပ္ပာယ်သည် သူ့အား ရှုရှီယန် စတင် ယုံကြည်လာသည်ကို ဆိုလိုခြင်းပေ။ ဟွာယိုရှန် အတော်ပင် ကျေနပ်သွားသည်။

"ဟုတ်‌တာပေါ့။ ငါက အဲလိုမျိုးမဟုတ်ဘူး။ ဒါပေမယ့် တခြားသူတွေနဲ့ အပြင်မှာရှိနေတဲ့အချိန်ဆို မင်းသတိထားသင့်သေးတယ်နော်။" ဟွာယိုရှန် ထပ်ပြောလိုက်သည်။

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါ သတိထားမှာပါ။" ရှုရှီယန် ခေါင်းညိတ်လိုက်သည်။

ရှုရှီယန် နွားနို့သောက်ပြီးသည့်အချိနိတွင် အရေးပေါ်ဆေးသေတ္တာပုံးလေးအား ဟွာယိုရှန် ယူလာသည်။ သူမ၏ အနာများအတွက် ဆေးကိုထုတ်လိုက်ပြီးကာ ရှုရှီယန်၏ဘေးသို့ ဝှီးချဲဖြင့် သူကိုယ်တိုင်သွားလိုက်သည်။

"လာ။ ဒီမှာ ဆေးလိမ်းမလို့။ မင်း လက် ငါ့ကိုပေး။"

"ရပါတယ်။ ကျွန်မဘာသာလုပ်လိုက်ပါမယ်။"

ဆေးလိမ်းခြင်းသည် တစ်မျိုးတစ်မည်သော အသားခြင်းထိတွေ့ခြင်းပေ။ ထို့အကြောင်းထက် သူမ၏ ချောမောခန့်ညားသောမင်းသားလေးအား ထိုအရာကို သူကိုယ်တိုင် လုပ်ခွင့် မပြုရဲပေ။

"ဘာကို ကြောက်နေတာလဲ။"

ဟွာယိုရှန် သူ၏ခေါင်းအားမော့ကာ ရှုရှီယန်အား သူ၏အေးစက်နက်မှောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်သည် သူမအား 'သူ့ကို ဘာလို့ အခုထိကြောက်နေရကြောင်း'တိတ်တဆိတ်မေးခွန်းထုတ်နေသလိုပင်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now