အပိုင်း (၉၁) မင်းသား‌အချောလေးက တကယ် တွေးတတ်တာဘဲ။

599 46 0
                                    

unicode

ရှုရှီယန် ရှောင်ရီအားကျေးဇူးတင်စကားပြောလိုက်ကာ ဘူးအားဖွင့်ကြည့်လိုက်သည်။ ဘူးထဲတွင် ပါးလွှာသောအဖြူရောင်အစအုပ်ထားသော လုံးဝန်းသည့်အရာဝတ္ထုတစ်ခုရှိနေသည်။ ထိကြည့်ရန်ပင် အရမ်းပူနေသည်။ ဘူး၏အောက်ခြေတွင် စာရွက်တစ်ခုအားတွေ့ကာ ဖတ်လိုက်သည်။

'လတ်လတ်ဆတ်ဆတ်ပြုတ်ထားတဲ့ကြက်ဥတွေပါ။ အရောင်လျော့ရောင် သူတို့ကို သုံးလိုက်ပါ။'

နာမည်မပါ၊ လက်မှတ်မပါပေ၊ သို့သော် တစ်ချက်ကြည့်ရြံမျှပင် ဟွာယိုရှန်၏လက်ရေးဖြစ်ကြောင်း ရှုရှီယန်သိပေသည်။ သူ၏ လက်ရေးသည် သူကဲ့သို့ပင် ခိုင်ခိုင်မာမာနှင့် ခန့်ညားလှပေသည်။ သူမ၏နှုတ်ခမ်းများ အနည်းငယ်ကွေးသွားကာ ခံစားမိလိုက်ကာ သူမ၏နှလုံးသားတစ်နေရာတွင် အနွေးဓာတ်တစ်ခု နှိုးဆံစားလိုက်ရသည်။ ဟွာယိုရှန်သည် သူမအပေါ် ပို၍ပို၍ပင် တွေးတတ်၊ ပူပန်စိုးရိမ်ကာ ကြင်နာလာသည်။ ထိုသို့သောသူအပေါ်သို့ မယိုင်လဲ မချစ်မိအောင်ပင် သူမမည်သို့ မျှော်လင့်နိုင်ပေမည်နည်း။

အပါးစလေးနှင့်ပတ်ထားသောကြက်ဥများအား ကောက်ကိုင်ကာ သူမ၏ရောင်နေသောပါးပေါ်သို့ လှိမ့်လိုက်သည်။ သူမ လုပ်ပြီးနောက် ထိုကြက်ဥအားစားလိုက်သည်။ စားပြီးနောက်တွင် ဟွာယိုရှန်ဆီသို့ ချက်ချင်းပင် စာပို့လိုက်သည်။

[ကြက်ဥကအရမ်းကို အကျိုးရှိပြီး အရမ်းလည်း အရသာရှိတယ်။ ကျေးဇူးပါ။]

စာမက်ဆေ့ရောက်သွားချိန်တွင် ရှောင်ရီ သူမဆီသို့ ထပ်မံ ပြေးလာကာပြောသည်။

"ကျင်ရှီ၊ လူတစ်ယောက် နင့်ကို ရှာနေတယ်။"

ရှုရှီယန် လှည့်ကြည့်လိုက်သောအခါ စားစရာအိတ်အပြည့်ထားလာသော ဖန်ရှောင်ချန်အားတွေ့လိုက်သည်။ ရှုရှီယန် အံဩမထင်ထားကာ သူမအား မေးလိုက်သည်။

"လိမ္မော်သီး.... ဒီမှာ ဘာလုပ်နေတာလဲ။"

"ငါက နင့်ဆီ လာလည်တာလေ။"

ဖန်ရှောင်ချန်သည် စိတ်ကောင်းစေတနာကောင်းရှိသောလူတစ်ယောက်ဖြစ်သည်။ ကိတ်မုန့်ဆိုင်မှ သူမဝယ်လာသော မုန့်များကို မိတ်ကပ်ဆရာများနှင့် နန်းတွငိးအစေခံနေရာတွင် သရြပ်ဆောင်သော တခြားမိန်းကလေးများထံ ‌သူမ ဝေနေပေသည်။ ထိုအချိန်တွင် လူတိုင်းဗိုက်ဆာနေကာ သူတို့အတွက် တစ်စုံတစ်ယောက် စာစရာယူလာသည်ကို မြင်သောအခါ အလွန်ပျော်ရွှင်နေကြသည်။ ဖန်ရှောင်ချန်အား ကျေးဇူးတင်နေကြသည်။ ဖန်ရှောင်ချန်သည် ထိုအခွင့်အရေးအားအသုံးချလိုက်ကာ ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now