အပိုင်း (၉၉) သူမက ဘာမှမဟုတ်တဲ့လူတစ်ယောက်ဘဲ။

716 52 1
                                    

unicode

ရှုရှီယန်၏ မျက်ရည်များနှင့် စကားများသည် အဖိုးအို၏မှတ်ဉာဏ်များအား လှုံဆော်လိုက်ပုံရပေသည်။ သူ၏ အရိုးငေါငေါထွက်နေသော လက်အားမလိုက်ကာ သူမ၏ခေါင်းအား ညင်ညင်သာသာလေးထိလိုက်သည်။ ရှုရှီယန်၊ သူအ၏အဖိုးသည် သူမအား ပြန်လည်တုန့်ပြန်လာကြောင်းခံစားမိလိုက်တာကြောင့် အဖိုးဆီသို့ ခေါင်းမော့ကြည့်လိုက်ကာ သူမ၏မျက်နှာတွင် ပျော်ရွှင်မှုမျက်ရည်များ စီးကြလာတော့သည်။

"အဖိုး၊ သမီးကို ကြည့်ပါအုန်း။ သမီးလေ။ ယန်ယန်လေ.."

"ယန်ယန်၊ ယန်ယန်..."

အဖိုးအို နောင်ဆုံးတွင် စကားပြောလာခဲ့ပေသည်။ သူ၏မှတ်ဉာဏ်များ ပြန်လည်‌ ပေါ်လာစေရန် အတင်းကြိုးစားနေကာသူမ၏နာမည်အား အကြိမ်ပေါင်းမျာစွား ရွတ်ဆိုနေသည်။ သူ၏မှတ်ဉာဏ်များ စတင် တရေးရေးပေါ်လာသည့်အချိန်တွင် သူ၏ ပါးစပ် တခနတာ ဟနေပြီး နောက်ဆုံးတွင်တော့ မှတ်မိလေပြီ။

"ယန်ယန်၊ မြေးလေး၊ ငါ့မြေးလေး။"

"ဟုတ်ကဲ့။"

ရှုရှီယန် စိတ်လှုပ်ရှားစွာ ခေါင်းအား အဆက်မပြတ်ငြိမ့်နေမိသည်။ သူမ၏ ပါးမှ မျက်ရည်စီးကြောင်းများ အများအပြားနှင့်ပင်။

အဖိုးအိုသည် သူမအား သတိရမှတ်မိလေသည်။ သူ၏မြေးဖြစ်သူ ပြန်လာသော ကြောင့် အလွန်ပင်ပျော်နေပုံရသည်။ ခေါင်းငုံ့လိုက်ကာ အဖိုး မေးလိုက်သည်။

"ယန်ယန်၊ သမီးရဲ့ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကော ဘယ်လိုလဲ။ အမှတ်တွေကော ဘယ်လိုလဲ။ ဘယ်ကျောင်း ရလဲ သမီး။"

ဟူး... အဖိုးသည် သူမအား အလယ်တန်းကျောင်းသူတစ်ယောက်ဟုပင် ထင်နေသေးသည်။ အတိတ်တွင် ကျန်ရှိနေထိုင်နေပေသည်။

ရှုရှီယန် လုပ်နိုင်သည်မှာ အလိုက်အထိုက်နေဖို့ပင်

"အဖိုး ယန်ယန်ဝင်ချင်တဲ့ကျောင်းကို ဝင်ခွင့်ရအောင် ယန်ယန် လုပ်နိုင်ခဲ့တယ်။"

"သမီးက ကတိတည်တဲ့ကလေးတစ်ယောက်ဆိုတာ အဖိုးက အမြဲသိတယ်။"

အဖိုးအိုသည် သုမအား လက်မထောင်ပြလိုက်သည်။ သူမ၏ စာမေးပွဲရလဒ်ကောင်းများသည် သူ့အား တစ်စုံတစ်ခု ပြန်အမှတ်ရစေပုံပင်၊ စတင် မွှေနှောက်ရှာနေပေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now