အပိုင်း( ၅၅) စကားဖြင့် မဖော်ပြနိုင်သော နှလုံးသား၏နာကျင်မှု။

844 70 0
                                    

လွန်ခဲ့သောငါးနှစ်....ကားမတော်တဆမှုတစ်ခုကြောင့်...စူပါစတားဟွာယိုရှန်သည် ကောင်းကင်မှ ငရဲသို့ တည့်တည့်ကျဆင်းခဲ့လေကာ သူ၏အနာဂတ်သည် ဖုန်မှုန့်များအနေဖြင့် ကွဲထွက်ဖြစ်ပေါ်သွားခဲ့လေသည်။ ထိုအချိန်မှစကာ လူမြင်ကွင်းမှ တဖြေးဖြေးကွယ်ပျောက်သွားကာ အနုပညာရပ်ဝန်းမှလည်း တိတ်တဆိတ်အနားယူသွားလေသည်။

အပတ်တိုင်း ပြန်လည်ထူထောင်မှုလုပ်ရန်အတွက် ဆေးရုံသို့လာရန် အညစ်အကြေးတောထဲမှ အပေါ်သို့ နောက်ဆုံး တက်ထွက်မလာသေးခင် သူဖြတ်သန်းခဲ့ရသော နာကျင်မှုများ၊ စိတ်ပျက်မှုများ မည်မျှဖြတ်သန်းခဲ့ရကြောင်း မည်သူမျှပင် မသိပေ။

"ပြန်လည်ထူထောင်မှုက အဆင်ပြေမလား ငါတော့ သိပ်မသေချာဘူး...အင်း.... ဘယ်အချိန်ကျမှများ အဲ့ဝှီးချဲကို သူဖယ်နိုင်လိမ့်မလဲ။"

"တကယ်လို့ ဝှီးချဲကို သူ ဖယ်ပစ်နိုင်ရင်ကော။ ဟိုဟာ ထပ်ပြီးလုပ်ဖို့ မစွမ်းဆောင်နိုင်တော့ဘူးလို့ ငါကြားတယ်။ အာ့ဒါဆို သူ့အတွက် လက်ထပ်ပြီး ကလေးယူမယ်ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။"

"အဲဒါဆို သူ့မိသားစု အမွေက သူနဲ့ပဲပြီးသွားမယ်ဆိုတဲ့ သဘောလား။ ကလေးတစ်ယောက်မှကိုပဲ။ သူ့ရဲ့ဘဝတစ်လျှောက်လုံး ကလေးမရှိတဲ့သူ ဖြစ်နေမှာပေါ့။"

"ပြစ်မျိုးမှဲ့မထင် မျက်နှာနဲ့ဆို သူ မိန်းမဆစ်ယောက် ဖြစ်လို့တောင်ရတယ်..."

"ဟုတ်တယ်။ ကြမ်းကြမ်းတမ်းတမ်းယောင်္ကျားတစ်ယောက် အနေနဲ့သရုပ်ဆောင်တဲ့အခါ လုံးဝကို ယောင်္ကျားဆန်တာ၊ ဒါပေမယ့် မိန်းမတစ်ယောက်အနေနဲ့လည်း အရင်တုန်းက သရုပ်ဆောင်ဖူးတယ်လေ။ ပြီးတော့ တကယ်ကို့ ဘေဘီလုံက မိန်းမတွေထက် ပိုပြီး သူက ညှိ့ချက်ပြင်းတာ။"

.......

ထိုသူတို့သည် ဟွာယိုရှန်အား လှောင်ကာ သရော်နေကြသည်။ ထိုလူများပြောနေသည်ကို နားထောင်နေချိန်တွင် သူမ၏မေးရိုးများသည် အံကြိတ်မှုကြောင့် တင်းကားနေသည်။ ထို့နောက် မပြောပြနိုင်သော နာကျင်မှုတစ်ခု သူမ၏ နှလုံးသား၏အနက်တစ်နေရာတွင် ခံစားလိုက်ရသည်။ အတွင်းနက်နက်ရှိုင်းရှိုင်းထဲတွင် ဟွာယိုရှန်အား မည်သို့သောသူကမျှ အသရေဖျက်ပြောဆိုခြင်းကို သူမ မကြိုက်ပေ။ မဖြစ်စေချင်ပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now