အပိုင်း (၈၀) ကောင်မလေးတစ်ယောက် ဒီမှာ ရှိကိုရှိရမယ်။

738 41 0
                                    

unicode ver -

ရှုရှီယန် ပုန်းပြီးနောက် တံခါးမဖွင့်ခင် ဟွာယိုရှန် ပတ်ဝန်းကျင်အခြေအနေအားတစ်ချက်ကြည့်လိုက်သည်။ တံခါးတွင် ရှုရှီယန်၏ဖိနပ်ရှိနေကြောင်း သတိထားမိလိုက်ကာ အလျင်အမြန်ပင် အဝေးသို့ ပို့လိုက်သည်။ တံခါးမှ အသံသည် ဆက်မြည်နေပေသည်။ သူ တံခါးမဖွင့်ပေးမချင်း သူမ မပြန်မည့်အကြောင်းသိပေသည်။ နောက်ဆုံးတွင် တံခါးပွင့်သွားပေသည်။ ဟွာယိုရှန် အသက်ရှင်နေသေးကြောင်း ဟွာဆန်ယန်တွေ့လိုက်သည်။ စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

"အိုး။ ငါ့ရဲ့ မောင်လေး။ မင်းကို အိပ်နေတာလို့ထင်နေတာ ဒါမှမဟုတ်...တစ်ခုခုဆိုးရွားတာများပေါ့။"

ဟွာဆန်ယန်အားကြည့်၍ ဟွာယိုရှန်ပြောလိုက်သည်။

"အစ်မငယ်၊ ဒီလောက်နောက်ကျနေပြီကို ဘာလုပ်လုပ်တာလဲ။"

"ဒီကိုလား၊  မင်းကို တွေ့ဖို့လာတာပေါ့။"

ဟွာဆန်ယန်၊ သူမ၏ လည်ပင်းအား သစ်ကုလားအုတ်ကဲ့သို့ဆန့်လ်ိုက်ကာ အိမ်ထဲသို့ချောင်းကြည့်လျက်ပြောလိုက်သည်။

"ငါ ဝင်လို့ရတယ်မို့လား။"

သူမ၏မောင်လေးသည် လူများ သူ၏အိမ်ထဲသို့ဝင်ခြင်းကို မကြိုက်ကြောင်း ဟွာဆန်ယန်သိပေသည်။ ထို့ကြောင့် သူမ မဝင်ခင် သူ့ထံ ခွင့်တောင်းလိုက်ခြင်းပေ။

"မရဘူး။ ဝင်လို့မရဘူး။"

သို့သော် ဟွာဆန်ယန် အလွယ်တကူပင် ပြန်သွားမည့်သူမဟုတ်ပေ။ သူမတို့၏မိသားစုအတွက် မစ်ရှင်ထမ်းဆောင်ရန် ရောက်လာခြင်းဖြစ်သည်။ ပါပါရာဇီများ၏ ဝန်ထမ်းတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားကာ သူမ၏မောင်ဖြစ်သူအား လိုက်လံချောင်းမြောင်းနေသည်။ မိန်းကလေးတစ်ယောက် သူ၏အိမ်ထဲသို့ဝင်သွားကြောင်း မြင်လိုက်ရပေသည်။ ဟွာဆန်ယန် အပြင်မှ ကင်းထောက်လျက် စောင့်နေကာ အထဲမှပြန်ထွက်မလာသေးသော မိန်းကလေးအား မျှော်နေပေသည်။ ထိုသဘောသည် သူမ အထဲတွင်ရှိနေသေးပေသည်။

ထိုအချိန်တွင်သာ ဟွာယိုရှန်၏အိမ်ထဲသို့ ဟွာဆန်ယန် ဇွတ်ဝင်ရောက်လိုက်လျှင် အထဲမှ မိန်းကလေးအား သူမ ရှာတွေ့နိုင်ကာ ကောလဟာလများ၏နောက်မှ အမှန်တရားအား သုမ ဖော်ထုတ်နိုင်ပေလိမ့်မည်။ သူမ၏မောင်ဖြစ်သူထံ အမှန်ပင် ချစ်သူရည်းစားရှိနေလျှင် သူမ လက်ထပ်ရန်ကိစ္စအတွက် သူမ၏မိဘများ အလောတကြီးလုပ်မည် မဟုတ်ပေ။ သူမ၏လွတ်လပ်မှု ထိန်းသိမ်းနိုင်ရန် မောင်ဖြစ်သူထံ အားကိုးနေရသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now