အပိုင်း(၃၂) နောက်ကွယ်က ဝင်ရောက်စွက်ဖက်မှု။

1K 82 1
                                    

ရှုရှီယန် ထပ်ပြီး မစောင့်နိုင်တော့ပေ။ စာရင်းသွင်းသောနေရာသို့သွားကာ ထိုမှ ဝန်ထမ်းတွေပင် မည်သည်ဖြစ်ပျက်နေကြောင်း မသေမချာ မရေမရာဖြစ်‌နေသည့် ပြဿနာအား သွားမေးလေသည်။ ထိုသူတို့သည် သူမအား စောင့်ရန်ပြောကာ လူရွေးပွဲပြီးလျှင် သူမပြဿနာအား ကူညီမည့်အကြောင်း ကတိပေးလေသည်။ ထို့ကြောင့် ရှုရှီယန် ဆက်စောင့်ဆိုင်းနေသည်။

လူရွေးပွဲပြီးသွားသည့်အချိန် ရှုရှီယန် တစ်ယောက်ယောက်ကို အကူညီတောင်းရန် ရှာဖွေနေသည်။ ထိုအချိန်သည် လူရွေးပွဲပြီးသွားသဖြင့် သူမအား အိမ်ပြန်ရန်ပြောရမည့်အချိန်ပင်။

ဘယ်လိုဖြစ်တာလဲ။

ဘာလို့ သူမနံပါတ်၂၂၂ကို မခေါ်သေးတာလဲ။

ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေးမရဘဲနဲ့ အထုတ်ခံရတော့မှာလား။ ဘယ်လို စနစ်ကြီးလဲ။

ဒါက တစ်နိုင်ငံလုံးဆိုင်ရာ လူရွေးပွဲအကြီးစားလို့ သူတို့ဘဲပြောခဲ့တာမဟုတ်ဖူးလား။ ဒါက တရားအမျှတဆုံးနဲ့ အရှင်းလင်းဆုံး အစီစဉ်တစ်ခု ဖြစ်ရမှာမဟုတ်ဘူးလား။

ရှုရှီယန် အတော်ပင် စိတ်ပျက်နေလေသည်။ ထို့အပြင် သူမ မည်သည့်အတွက်ကြောင့် အထုတ်ခံရကြောင်း စဉ်းစားကာ ‌ ခေါင်းရှုပ်နေသည်။ တစ်ချက်ကြည့်မည်ဆိုလျှင် အကြောင်းအရာအားလုံးသည် ရှုရှင်းရိုမလာခင်အထိ အားလုံးအဆင်ပြေနေသည်။

ရှုရှင်းရိုက နောက်ကွယ်မှာ ရှုပ်ထွေးအောင်လုပ်လိုက်တာများ ဖြစ်နေမလား။

'အကြင်အနာအတုတွေပေး၊ ကူညီချင်ယောင်ဆောင်ခဲ့ပြီး အဲ့နောက်မှာ သူ့ကိုထုတ်ဖို့ တာဝန်ရှိသူတစ်ယောက်ကို ခိုင်းလိုက်တာလား။
ဟုတ်တယ်။
အဖြေက ဒီတစ်ခုထဲရှိတယ်။'

အနုပညာလုပ်ငန်းတွေ၌ ရှုရှီယန်သာ အောင်မြင်သွားလျှင်၊ သူမနှင့် အောင့်အီးသည်းခံဆက်ဆံရန်အတွက်ပင် အခွင့်အရေးမရှိမှန်း ရှုရှင်းရိုသိသည်။ ထို့ကြောင့်ပင် ရှုရှီယန် ရရှိမည့် အခွင့်အရေးများအား ခိုးယူခြင်းဖြစ်သည်။ ရှုရှီယန် အတော်ပင် မ‌ကျေမနပ်ဖြစ်နေသည်။ ဒီနေ့အတွက် သူမ အများကြီး ကြိုးစားပြင်ဆင်ထားရပြီးနောက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်းပေ။ ဤလိုမျိုး သူမအား ရှင်းပြချက်တစ်ခုလေးပင်မရှိကာ အထုတ်ခံရရန်မဟုတ်ပေ။ မကျေနပ်သောစိတ်များဖြင့် အဆောက်အအုံအပြင်မှရှိသော ဝန်ထမ်းများနောက်သို့လိုက်ကာ ထိုသူတို့အား မရမက အဆက်မပြတ်ပင် တွန်းအားပေးတောင်းဆိုနေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now