အပိုင်း (၉၀) အရမ်း ဂျိူကြွမနေနဲ့။

703 51 0
                                    

Unicode

ရှုရှီယန် ပြုံးလိုက်ကာပြောလိုက်သည်။

"အိုး၊ အမလေးကွယ်၊ မစ္စကျောင်ရီ၊ အဆင်ပြေရဲ့လား။ ကျွန်မ အရမ်းရိုက်မိသွားတာလား။ ဟယ်။ ဆေးရုံပြကြည့်ရင်ကော ဘယ်လိုလဲ။"

"ပါးစပ်ပေါက်ကို ပိတ်ထားစမ်း။"

ရှုရှီယန်အော်လိုက်သည်။

"ဘာကိစ္စ မစ္စတာဟွာက နင့်ကိုကူညီနေရတာလဲဆိုတာ ပြောစမ်း။"

"မစ္စတာဟွာက ကျွန်မ့ကို ကူညီတယ်၊ ဟုတ်လား။ နင် ဘာတွေပြောနေတာလဲ တစ်လုံးမှကို နားမလည်ဘူး။"

ရှုရှီယန်ပြောလိုက်သည်။

"ငါတို့ ကန်းနေတယ်လို့ ထင်နေတာလား။ မစ္စတာဟွာက သိသိသာသာ နင့်ဘက်ကနေ ကူပေးနေတာ။"

"အဲ့တာက ကျွန်မနဲ့ ဘာဆိုင်လို့ ဘာလုပ်ရမှာလဲ။ ချီလီယာက သူရဲ့ ကုမ္ပဏီကလေ၊ ဒီရိုက်ကွင်းကို လာပြီးကြည့်တယ်ဆိုတာ သာမာန်မဟုတ်ဘူးလား။ နင်ရသင့်ရထိုက်တာကို ရလိုက်ရုံပါဘဲ။"

ရှုရှီယန် လှောင်ပြုံးလေးတစ်ချက် ပြုံးကာ ပြောလိုက်သည်။

"အရူးလုပ်နေအုန်းမယ်ပေါ့လေ။ ကောလဟာလထဲမှ ဟွာယိုရှန်နဲ့ သတင်းထွက်တဲ့ ကောင်မလေးက နင်မို့လား။"

ရှုရှင်းရို အေးစက်စွာ စိုက်ကြည့်လျက်ပြောလိုက်သည်။ ထိုဓာတ်ပုံအား မြင်လိုက်ချိန် သူမ ပထမဆုံးတွေးမိသည့်သူသည် ရှုရှီယန်ပင်။ သူမ၏နောက်ကျောဘက်ခြမ်းအား ချက်ချင်းသိနိုင်ကန်အထိ သူမအား သိခဲ့သည်မှာ အချိန်အတော်ကြာပေသည်။ ရှုရှင်းရိုစိတ်ပူသည့်အချက်သည် ရှုရှီယန်နှင့် ဟွာယိုရှန် ပူးတွဲပေါင်းမိကာ အဆင်‌ပြေခြင်းပေ။ ဟွာယိုရှန်သည် မသန်စွမ်းသောသူဖြစ်ပါသော်လည်း  အနုပညာလောကမှ ဘုရင်တစ်ပါးအနေနှင့် အသိမှတ်ပြုခံနေရသေးပင်။ သူအား ဆန့်ကျင်နိုင်မည့်တသ်ယောက်မျှမရှိသေးပေ။

"နင်က အဲ့လိုထင်နေတာလား၊ ဟမ်။ အဲ့ပုံထဲက ကောင်မလေးက ငါ့ဆိုပြီး သွားသတင်းစွာရှင်းလင်းပွဲလုပ်လိုက်ရ့မလား။ ငါလည်း ဟွာယိုရှန်ရဲ့တကယ့် ချစ်သူဖြစ်ချင်ဖြစ်နေမှာဘဲလေ။ အဲ့သတင်းစာရှင်းလင်းပွဲရဲ့အကူအညီကြောင့် ဒုတိယမင်းသမီးနေရာကိုယူဖို့ ဒါရိုက်တာဟွာဂိုချင်ကို ပြောပေးဖို့ သူ့ကို ပူဆာလိုက်ရင်ရတာဘဲ။ အား။ အကြံဉာဏ်ကောင်းလေးအတွက် အရမ်းကို ကျေးဇူးတင်တာဘဲ။ အခုချက်ချင်းဘဲ သတင်းဌာနကို ဆက်သွယ်လိုက်တော့မယ်။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now