အပိုင်း(၆၁) ကလေးလေးအတွက်အစဉ်အလာတစ်ခု။

1K 56 0
                                    


"အိုး။ ဖိုးဖိုး ဘယ်သူဆိုတာကို သိတာလား။"

ကျင်ဟွာဒိုက အံ့အားသင့်သောအပြုံးတစ်ခုနှင့် မေးလိုက်သည်။

"ဖိုးဖိုးက မေမေ့ရဲ့ အဘလေ၊ သမီးရဲ့ ဖိုးဖိုးကြီးပေါ့။"

ယင်ဘာအို ရယ်လိုက်သည်။

"ဖိုးဖိုးက တကယ်ကို မုတ်ဆိတ်မွှေးတွေရှိတာဘဲ။ ကလေးလေး ခန့်မှန်းထားတဲ့ အတိုင်းဘဲ။ ကောင်းတာဘဲ။ အခု ကလေးလေးဆီမှာ ဆန်တာကလော့စ်နဲ့တူတဲ့ ဖိုးဖိုးတစ်ယောက်ရှိသွားခဲ့ပြီ။"

ယင်ဘာအို၊ သူမ၏ လက်သေးသေးလေးများနှင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေတော့သည်။

"ဖိုးဖိုး။ မုတ်ဆိတ်မွှေးကို ကလေးလေး ထိကြည့်လို့ရလားဟင်။"

"ရတာပေါ့။"

သူ၏ မြစ်​ဖြစ်သူ ကလေးမလေးသည် ဤမျှလောက် ‌လိမ္မာပါးနပ်လိမ့်မည်ဟု ကျင်ဟွာဒိုက မတွေးထားခဲ့ပေ။ ရှုရှီယန် ငယ်ငယ်တုန်းကထက်ပင် ပို၍ စကားပြောရွှင်ကာ သွက်လတ်နေသေးသည်။ ယင်ဘာအို၏ ကုတင်ပေါ်တွင် ထိုင်လိုက်ကာ မုတ်ဆိတ်‌မွှေးအား ကလေးမလေးထိနိုင်စေရန်အတွက် ငုံ့ကိုင်းပေးလိုက်သည်။ ယင်ဘာအို မုတ်ဆိတ်မွှေးအား ထိကြည့်လိုက်သည့်အခါ ကျင်ဟွာဒို သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘယ်လိုလဲ။ ဖိုးဖိုးရဲ့ မုတ်ဆိတ်မွှေးကို ထိကြည့်တော့ ဘယ်လိုခံစားရလဲ။"

သူမ၏ ချစ်စဖွယ်ပါးချိုင့်သေးသေးလေးများ ပါးနှစ်ဖက်တွင်ပေါ်လာသည်အထိ ယင်ဘာအို ပြုံးလိုက်သည်။

"ဖိုးဖိုးရဲ့ မုတ်ဆိတ်မွှေးက ဂျားအကြီးကြီးရဲ့ မုတ်ဆိတ်မွှေးတွေလိုဘဲ။"

ကျင်ဟွာဒို ယင်ဘာအို၏ ဂျားဆိုသောစကားလုံးအား မည်သည်ကို ဆိုလိုမှန်းမသိကာ ဇဝေဇဝါဖြစ်နေသည်။

"အဖိုး။ သူက အဖိုးရဲ့ မုတ်ဆိတ်မွှေးတွေက ကျားအကြီးရဲ့ နှုတ်ခမ်းမွှေးနဲ့ တူတယ်လို့ ပြောချင်တာ။"

ရှုရှီယန် ပြောလိုက်သည်။

ရှုရှီယန်၏ ရှင်းပြချက်အားကြားပြီးနောက် ကျင်ဟွာဒို အော်ရယ်လိုက်သည်။ မြစ်ဖြစ်သူဘက်အား တစ်ဖန်ပြန်လှည့်ကာ ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now