"မစ္စတာဟွာ၊ မစ္စတာဟွာ။ ကျွန်မကို ကျေးဇူးပြုပြီး အခွင့်အရေးပေးပါ။ နံပါတ်၂၂၂ပါ။ ဒါပေမယ့် ဘယ်သူမှ ကျွန်မနံပါတ်ကို မခေါ်ဘူး။ မစ္စတာဟွာ၊ ကျွန်မ အသည်းအသန်ကို ဗမ်ကားနောက်လိုက်လာတာပါ။ ကျေးဇူးပြုပြီး အခွင့်အရေးတစ်ခုလောက်...။"
ချွေးများ အတော်ထွက်ကာ စကားပြောသည်မှာ ပုံမှန်ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် လူတိုင်း သူမ ဘာမျှအပြင်းအထန်မထိခိုက်သွားကြောင်း သိလိုက်သည်။ စိတ်သက်သာရာရသဖြင့် သက်ပြင်းချလိုက်ကြသည်။
ဟွာဂိုကျင်သည် မက်စ်တပ်ထားသဖြင့် ရှုရှီယန် မမှတ်မိပေ။ သူမ ဆက်ပြီးဆက်ပြီးပင် တောင်းဆိုနေသည်။ သို့သော် ဟွာဂိုကျင်သည် သူမအား သတိထားမိကာ မှတ်မိသည်။ သူနှင့် ချီလီယာတို့၏ နေ့လယ်စာစားနေခြင်းအား နှောင့်ယှက်သော မိန်းကလေးပင်။ သူမတွင် ထင်ရှားသိသာသော အသွင်အပြင်ရှိသည်။ ထို့ကြောင့် တစ်ချက်ထဲနှင့်ပင် သူမအား မှတ်မိခြင်းပေ။ ဟွာဂိုကျင် သူမစကားပြောနေခြင်းအား ဖြတ်ကာမေးလိုက်သည်။
"မင်းက လူရွေးပွဲကလား။ ဘယ်နေရာအတွက် လာအရွေးခံတာလဲ။"
"ရာရွယ်။ အင်တာနက်ကနေ ကျွန်မလျှောက်ထားတဲ့နေရာက ရာရွယ်ပါ။"
ဒါရိုက်တာ၏စကားကြောင့် ရှုရှီယန် အတော်ပင် စိတ်လှုပ်ရှားကာပျော်ရွှင်နေသောပေသည်။
သူ့ကို အခွင့်အရေး ပေးတော့မှာလား။
အိုး။ ဇာတ်ကောင်က နန်းတွင်းအစေခံကိုး။
ဒါရိုက်တာ စဉ်းစားနေသည်။သူမ၏ အသွင်အပြင်အားကြည့်ခြင်းဖြင့် ထိုနေရာအားသရုပ်ဆောင်ရန်ထက်ပင် ပို၍ အရည်အချင်းရှိပေသည်။ ဟွာဂိုကျင် သူမ၏တောင်းဆိုမှုအား နားလည်ကာ ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ။ ရာရွယ်နေရာက မင်းဟာဘဲ။ နောက် ဗုဒ္ဓဟူးကျရင် ထုတ်လုပ်ရေးအဖွဲ့ကို တိုက်ရိုက်သွားပြီး သတင်းပေးလိုက်ပါ။"
တိုက်ရိုက်...သတင်းပို့ရမယ်။ ဟမ်။ သူက ငါ သရုပ်ဆောင်တာကို မကြည့်ချင်ဘူးလား။
ထိုအံ့ဩစရာသည် ရှုရှီယန်၏မျက်နှာအား အရသာရှိသောပိုင်မုန့်နှင့် ပစ်လိုက်သလိုပင်။
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...