အပိုင်း (၈၂) သူမ ဆက်နေဖို့အတွက် အကြောင်းတစ်ခု။

656 39 0
                                    

unicode

"ရည်းစားတစ်ယောက်ရှာဖို့ မင်းတွေးနေတယ်လို့ အမေတို့အဖေတို့ အမတို့ အကုန်လုံးကို ငါပြောပြီးပြီ။"

ဟွာဆန်ယန်ပြောလိုက်သည်။

"သူတို့က အဲ့ဒီ့စိတ်ကူးကို အတော်သဘောကျနေတာ။ ပြီးတော့ သင့်တော်လောက်မယ့် သူတွေကိုလည်း ရှာနေကြလိမ့်မယ်။ သူတို့သာ တစ်ယောက်တွေ့ထားပြီဆို ဒိတ်တစ်ခု လုပ်လိမ့်....."

ငါ ဘယ်တုန်းက ပြောလိုက်တာပါလိမ့်။

"ကျွန်တော် မလိုဘူး။"

ဟွာယိုရှန်အော်လိုက်ကာ အစ်မဖြစ်သူ၏စကားအား အဆုံးထိအပြီးသတ်မခံလိုက်ပေ။ နောက်ဆုံး လုံးဝ သူ ဒေါသထွက်လာပေသည်။ ဟွာဆန်ယန်အား သူ၏အိမ်ထဲမှ တွန်းထုတ်လိုက်သည်။ တံခါးအား တွန်းပိတ်ပစ်လိုက်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။

ဒီမိသားစုတော့....

သူသက်ပြင်းချလိုက်သည်။ ထိုသူတို့ တစ်ယောက်ချင်းစီတိုင်းသည် အလွန်ပင် ဇွဲကောင်းလှပေသည်။

အေးအေးဆေးဆေးလေးနေဖို့ ငါ့ကို  အနည်းဆုံးတော့ တစ်ရက်လောက်လေး ပေးလို့မရ့ဘူးလား။

ဟွာဆန်ယန်ထွက်သွားသည့်နောက်တွင် ဟွာယိုရှန် သူ၏ဖုန်းထုတ်ကာ ရှုရှီယန် ထွက်လာ၍ အဆင်ပြေကြောင်းပြောရန် သူမအား ဖုန်းဆက်ခေါ်လိုက်သည်။ ရှုရှီယန် ဧည့်ခန်းသို့ရောက်လာ၍ ပတ်ဝန်းကျင်အား ကြည့်ကာ မေးလိုက်သည်။

"သူ ထွက်သွားပြီလား။"

"အင်း" ဟွာယိုရှန်ပြောလိုက်သည်။

စိတ်ဖိစီးမှုများ သူ၏မျက်နှာပေါ်တွင်ပေါ်နေသည်။

"ရှင့်ရဲ့အမက အတော့်ကိုကောင်းတာဘဲ။ ရှင့်ကို အတော်ဂရုစိုက်တာဘဲ။"

ဟွာယိုရှန်နှင့် ဟွာဆန်ယန်ပြောနေသည့် အရာအားလုံးအား ရှုရှီယန်ကြားလိုက်သည်။

"အဲ့လိုမျိုး အစ်မသုံးယောက်သာရှိရင် မင်း ကိုယ့်ခံစားချက်ကို နားလည်လိမ့်မယ်။"

အစ်မသုံးယောက်လုံးသည် သူ့အား စိုးရိမ်ပူပန်ကာ စိုးရိမ်မှုဖြင့် သူအား မေးခွန်းများ၊ စကားများ တရစက်မေး တရစက်ပြောလေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now