အပိုင်း (၁၀၃) ငါ့ကို ကြိုက်လား မကြိုက်ဘူးလား။

541 48 0
                                    

unicode

ယခုတွင် ဟွာယိုရှန်ခံစားနေရသည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုခံစားချက်အား တစ်ယောက်မျှပင် နားမလည်နိုင်လောက်ပေ။ မျက်ရည်များပင် ကျလာသည်အထိ စိတ်ထဲခံစားနေရပေသည်။ လွန်ခဲ့သောငါးနှစ် ကားအက်ဆီးဒန့်အချိန်တွင် ဟွာယိုရှန်သည် ခါးမှစကာ အောက်ပိုင်းတစ်လျှောက် မလှုပ်ရှားနိုင်ဖြစ်ကာ အကြောသေသွားသည်ဟု ဆရာဝန်ပြောပေသည်။ သူ မစွမ်းဆောင် နိုင်‌ တော့သည်ဟု သိလိုက်ချိန်တွင် သူ၏ တစ်ဘဝလုံးသည် ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်များ ပျောက်ဆုံးသွားခဲ့သည်။

အသုံးမကျသော၊ မစွမ်းဆောင်နိုင်သော၊ မသန်မစွမ်းသော၊ သားသမီးမထွန်းကားသော... စသည့် အတင်းများ နှင့် သတင်းများသည် အတွင်းထဲ၌ သူ့အား ကြိတ်ချေဖျက်ဆီးရန် ချိန်းခြောက်နေသော ရက်စက်လှသည့် သားရဲတစ်ကောင်ပင်ဖြစ်ခဲ့သည်။ ထိုအတင်းများအား အပြုံးတစ်ခုဖြင့် နှုတ်ဆက်နေကျပင်ဖြစ်သော်လည်း အမှန်သည် သူ၏အတွင်းထဲ၌ သွေးယိုစိမ့်ကျနေခြင်းပင်။ ပုံမှန်ယောင်္ကျားတစ်ယောက်၏ဘဝအား အလွန်ပင် လိုချင်နေခဲ့ပေသည်။

ပြန်လည်ကောင်းမွန်လာမှုအပေါ် ဟွာယိုရှန် ဝမ်းသာပျော်ရွှင်ကာ စိတ်လှုပ်ရှားနေချိန် ရှုရှီယန် နိုးလာသည်။ သူ၏ မျက်လုံးအား ဖြေးဖြေးချင်း ဖွင့်လိုက်လေသည်။ သူမ၏ နောက်စေ့မှ စူးရှသော နာကျင်မှုတစ်ခုခံစားလိုက်ရသည်။ သူမ၏ခေါင်းအား ဖိပွတ်
လျှက် ထထိုင်လိုက်မိသည်။ ထိုအချိန် အိပ်ယာပေါ်တွင် ပွင့်ဖတ်များ ရှိနေသည်ကို သူမ သတိထားမိလိုက်သည်။ ထို့နောက် သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ မလုံခြုံသော အဝတ်စားသော ဝတ်လစ်စလစ်နီးပါးပင် ဖြစ်နေသည်။

"အားးးးးးးးးးးး"

ထိတ်ထိတ်ပျာပျာဖြင့် သူမ ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ အိပ်ယာဘေးတွင် ဝှီးချဲပေါ်၌ထိုင်နေသော ယောင်္ကျားတစ်ယောက်ရှိပေသည်။ သူမ လုံးဝ ရှော့ရသွားပေသည်။

"ရှင်။ ဟွာယိုရှန်။"

ဟွာယိုရှန် သူ၏ရင်ထဲမှ တလိပ်လိပ်တက်နေသောခံစားချက်များအား တည်ငြိမ်အောင်လုပ်လိုက်သည်။ သူ၏မျက်နှာသည် ယခုတွင်ပင် လေငြိမ်နေသော ပင်လယ်တစ်ခုကဲ့သို့ တည်ငြိမ်နေကာ သူ၏မျက်လုံးများသည် ရေကဲ့သို့ ရွှန်းစိုတောက်နေသည်။ ကြင်ကြင်နာနာပြုံးလိုက်ကာ ရှုရှီယန်အား နူနူးညံ့ညံ့ပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now