ဆေးရုံကုတင်အနီးသို့ ရှုရှီယန် လျှောက်သွားလိုက်ကာ ယင်ဘာအိုကို ငုံ့ကြည့်လိုက်သည်။ သူမ၏ရင်ထဲမှ နှလုံးသားအား ဆုပ်ချေထားသလိုပင် အစိတ်အမွှာမွှာ နာကျင်လှပေသည်။ သူမ၏သမီးဖြစ်သူအား တစ်ရက်မျှသာ ထားခဲ့ပြီးနောက် သူမ နေမကောင်းဖြစ်ပေသည်။ ရှုရှီယန် အရည်အချင်းမရှိသော အမေတစ်ယောက်ကဲ့သို့ ခံစားရသည်။
ကလေးနိုးသွားမည်စိုးသောကြောင့် ဖန်ရှောင်ချန် တိုးတိုး ပြောလိုက်သည်။
"အခုလေးတင် ကလေးက အိပ်ပျော်သွားတာ။ မကြာခင် ကောင်းလာမှာပါ။ မနက် အိပ်ယာထတုန်းက ဗိုက်နာလို့ဆိုပြီး ငိုနေတာ၊ ပြီးတဲ့နောက်တော့ ဝမ်းတွေသွားပြီး အန်တာဘဲ။ ငါ အရမ်းကို လန့်ပြီးကြောက်သွားတာ။ အဲတာနဲ့ ငါလည်း ဒါချီကိုခေါ်ပြီး ဆေးရုံပို့လိုက်ရတာဘဲ။ အထက်လှန်အောက်လျှောဖြစ်တယ်ပြောတာဘဲ။ဆရာဝန်ကတော့ ဘက်တီးရီးယားပိုးကြောင့် ကူးစက်လို့ဖြစ်တာလို့ပြောတယ်။ ငါ့အထင်တော့ ဒီက ရာသီဥတုနဲ့ အဆင်မပြေသေးလို့ထင်တယ်။"
"အိုး....။ သမီးလေးရယ်...." "မနေ့ညက ငါပြန်လာသင့်တာ။" ဟု
ရှုရှီယန် ပြောလိုက်မိသည်။အဓိကဖြစ်ရသည့် အကြောင်းအရင်းသည် ရာသီဥတုဖြစ်ကြောင်း ရှုရှီယန် နားလည်ကာ ယုံကြည်လေသည်။ အမှန်ပင်၊ ယင်ဘာအိုသည် လွန်ခဲ့သော လေးနှစ် မွေးစကတည်းပင်အီစတန်မှာနေခဲ့သည်။ ထိုမှ ရာသီဥတုသည် အေးချမ်းတည်ငြိမ်ကာ ပေကျင်းမှ အပြောင်းလဲများသော ရာသီဥတုကဲ့သို့ မဟုတ်ပေ။
"နင် ပြန်လာခဲ့မယ်ဆိုလည်း ဘာတတ်နိုင်မှာလဲဟာ"
ဖန်ရှောင်ခန် ရှုရှီယန်အား စိတ်သက်သာရာရစေရန် ပြောပေးနေခဲ့သည်။
"ယင်ဘာအို ဒီမြို့နဲ့ သူမကိုယ်သူမ အဆင် ပြေအောင် နေသားကျဖို့လိုသေးတယ်လေ။ တစ်ချိန်ချိန် ဒီလိုမျိုးဖြစ်လိမ့်မယ်ဆိုတာ ငါတို့ သိပြီးသားဘဲကို။ ကိုယ့်ကိုကိုယ် ထပ်ပြီး အပြစ်တင်မနေနဲ့။ ဆရာဝန်က ဆေးရုံမှာ နှစ်ရက်လောက်တော့ နေဖို့လိုသေးတယ်ပြောတယ်။ အဆင်ပြေမှာပါ။"
"ကျေးဇူးပါဟာ။ နင်ကော ဒါချီကော ငါ့ကို ကူဖို့ရှိနေလို့ ငါတကယ် ဝမ်းသာပါတယ်။"
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...